6. I just want (2) (Unicode)

1.6K 166 14
                                    

"ဟေ့ကောင် ဘာလို့ဒီရောက်နေတာလဲ၊ မင်းကို မြင်ရတာ အော့နှလုံးနာတယ်ကွ!"

"ငါလည်း မင်းမျက်နှာ မြင်နေရတာ အော်ဂလီဆန်တယ်! လူယုတ်မာကောင်!"
ကျင်းရီသည်လည်း စကားစစ်ထိုးရာမှာ မရှုံးနိမ့်စေရန် တန်ပြန်စစ်ထိုးခြင်းပင်။

"လူယုတ်မာကောင်ဆိုတာ မင်း ဘယ်သူ့ကိုပြောတာလဲ_? !"
အားယွမ်သည်လည်းပဲ မရှုံးချင်လိုခြင်းငှါ ပြန်ချေပသည်။

"မင်းကလွဲလို့  ဘယ်ကောင်ရှိသေးလို့လဲဟ_? သောက်ဝက်ကောင်ရ!"

"ရေချိုးခန်းတံခါး လော့ချမထားတာ ဘယ်သူ့အမှားလဲ မင်းပြောလေ_? "

သူ့ရဲ့သူငယ်ချင်းနှစ်ယောက် ရှိနေသည်မှာလည်း လွန်ခဲ့သည့် တစ်နာရီကမှ  အိပ်စက်နေသော ရိပေါ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ကျင်းရီနှင့်အားယွမ် တို့ဟာ  တစ်ခါမှ ကြာရှည်သင့်မြတ်ခြင်းမရှိကြဖူးတဲ့အတွက်လည်း   ရိပေါ် အံ့သြဘနန်းဖြစ်ရသည်။ သူတို့က မဖြစ်စလောက်ကိစ္စလေးတွေကို  ပုံကြီးချဲ့ပြီးတော့  စကားများတတ်ကြတာကိုး။

"God... Damn it!"

ရိပေါ် ရေရွတ်၍ အိပ်ယာပေါ်မှ ခုန်ချပြီးနောက်  သူ့သူငယ်ချင်းနှစ်ယောက်ဆီသွားကာ သူတို့ခေါင်းကို ဗုံတီးသကဲ့သို့ တီးချလိုက်သည်။

"အားားားားား!!! shitttt!"

ကျင်းရီ၊ အားယွမ်တို့ ပြိုင်တူအော်သွားကြပေမယ့်လည်း  ရိပေါ် သူတို့ကို သနားခြင်း အလျဉ်းမရှိဘဲ  ခပ်ပြတ်ပြတ်သာ စိုက်ကြည့်နေ၏။

"ရိပေါ်! မင်း မကောင်းတဲ့ အကောင် !"
အားယွမ်မှာ  ရိပေါ်ရဲ့ရိုက်ချက်ကြောင့် သူ့နဖူးသူ ဖွဖွပွတ်သပ်နေရင်း ပြောကြားခြင်းပင်။

"မင်းတို့ကောင်တွေကကွာ ၊ တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဂြိုဟ်ကောင်တွေပဲ ၊ ရန်မဖြစ်ဘဲ တည့်အောင်ပေါင်းလို့ မရဘူးလား_? "
ရိပေါ်က  ပြင်းပြင်းထန်ထန် ဆိုလေသည်။

"သူ အရင် စဖြစ်တာလေ"
အားယွမ် ၊ ကျင်းရီကို လက်ညှိုးထိုး၍ ဖြေရှင်းချက်ပေးရာ။

"အောင်မယ်! ပထမဆုံး မင်းအရင်စဖြစ်တာပါနော်"
ကျင်းရီက အားယွမ်၏ ရှင်းဆိုချက်ကို လက်မခံဘဲ သူ့ကိုယ်သူ ကာကွယ်၍ ပြောရသည်။

SUGAR BABY (ZSWW) (ျမန္မာဘာသာျပန္ /မြန်မာဘာသာပြန်) (COMPLETED)Where stories live. Discover now