=====================================================================================================
| အမေ့သူငယ်ချင်း |
========================================================11. Hurt
"အဲ့ဒီ စည်းမျဉ်းကို ချိုးဖျက်နေပါတယ် ဆိုလျှင်ရော ဘယ်လိုလုပ်မှာလဲ ? "
ရိပေါ်က သူနဲ့အကြည့်ချင်းဆုံနေတဲ့ ရှောင်းကျန့်ရဲ့မျက်လုံးတို့ကို မတုန်မလှုပ်ဘဲ ကြိုးစားစိုက်ကြည့်နေဆဲ။ စက္ကန့်ဝက်ခန့် တိတ်ဆိတ်နေပြီးတဲ့နောက် ရှောင်းကျန့် ပြောလိုက်သည်က ရိပေါ်ကို အားပျော့စေပါတယ်။
" မင်း နာကျင်ရလိမ့်မယ် ရိပေါ်.. ကိုယ်က မင်းကို မနာကျင်စေချင်တာမို့ မင်းရဲ့ခံစားချက်တွေကို ရုတ်သိမ်းပစ်လိုက်ရင် ကောင်းမယ်.. ဒါမှလည်း ကိုယ်တို့စာချုပ်အတိုင်း ရှေ့ဆက်နိုင်မှာမို့ "
ရိပေါ် ကြားလိုက်ရတာ အကုန် နာကျင်ရတာချည်းပဲ။ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ရီလာလေတယ်။ သူ့မျက်တောင်ကိုလည်း မြန်မြန်ဆန်ဆန် ခပ်ပစ်နေရတယ်။ သူငိုနေတာ ရှောင်းကျန့်ရှေ့မှာတင်ပဲဖြစ်ပြီး အဲ့ဒီရှောင်းကျန့်ဆိုတဲ့သူ မြင်သွားမှာ မလိုလားဘူးလေ။
ရှောင်းကျန့် ဝမ်ရိပေါ်အနား လျှောက်လာတယ်။ နောက် ရိပေါ်ရဲ့မေးစေ့ကို ဆွဲမ၍ သူနဲ့အကြည့်ချင်း ဆုံစေတယ်။
" ဒါဆို ကိုယ်ပြောတာကို လက်သင့်ခံလား ? "
ရိပေါ် သူ့မျက်ခမ်းစပ်မှာ မျက်ရည်များဖြင့် ပြည့်လျှံနေမှန်း သူ့ကိုယ်သူ သိသည်။ သူ့လက်သီးကို ဖြူဖျော့သွားသည်အထိ တင်းတင်းဆုပ်ထားရင်း ခေါင်းညိမ့်ပြလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် အားအင်တွေ ကုန်ခမ်းပြီး ကျိုးလွယ်ပဲ့လွယ် ဖြစ်နေသလိုလည်း ခံစားရ၏။
ဘယ်လိုခံစားနေရတာလဲ သူ မသိဘူး။ ဒီချစ်ကျွမ်းဝင်နေမိတဲ့ ခံစားချက်ကြီးကို ဘယ်လိုလုပ်ဆွဲနှုတ်နိုင်မှာလဲ။
ရှောင်းကျန့်က သူ့ကို ကြည့်နေတယ်။ ကိုရှည်ကြီးက အခု ကျနေတဲ့ ရိပေါ်ရဲ့မျက်ရည်ကြည်တွေကို မြင်သွားလား ? မဟုတ်ဘူး ၊ သူ့စကားတွေကြောင့် နာကျင်နေရတဲ့ ရိပေါ်ကို သူ သဘောမပေါက်ခဲ့ဘူး။
"ကောင်လေး ကိုယ်တို့ နေ့လည်စာ စားရအောင်.. မငြင်း- "
"သိပါတယ် "

YOU ARE READING
SUGAR BABY (ZSWW) (ျမန္မာဘာသာျပန္ /မြန်မာဘာသာပြန်) (COMPLETED)
FanficFULLY CREDIT TO ORIGINAL AUTHOR - 'JiSheun' FULLY CREDIT TO ENGLISH TRANSLATOR AUTHOR - 'Star-755' (Zawgyi + Unicode) အသက် ၁၈နှစ်အရွယ် ဝမ်ရိပေါ်လေးရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းပါတယ်။ သို့ပေမယ့် ဝမ်ရိပေါ်လေးဟာ မထင်မှတ်ဘဲ ပို၍ကောင်းမွန်သောဝန်းကျင်သို့ ရော...