3.Feeling (. Zawgyi)

1.1K 53 6
                                    

"မသာကောင်! မင်း ရိပေါ်ကိုဘာအတတ်တွေသင်ပေးနေတာလဲ ?"
ရိပေါ်၏ အလုပ်လက်ရှိအခြေအနေပြောမိကြရင်း အားယွမ် ကျင်းရီကို အော်ပါလေရော။

ဒယ်ဒီရဲ့ဘေဘီဖြစ်လာခြင်းအကြောင်းအရာပင်။

"ဟေ့ကောင်...မင်းရူးနေလား ?"
ပန်းအိုးဖြင့်ကိုင်ပေါက်ရန် ကြိုးစားနေသော အားယွမ်ကို ကျင်းရီ ရှောင်ပြေးနေရသည်။ သူတို့၏ကလေးဆန်သောရန်ပွဲ ကျင်းပနေစဉ် သူတို့၏သူငယ်ချင်းဝမ်ရိပေါ်မှာတော့ လက်တွင်မုန့်များနှင့် TV ကြည့်နေပြီး အတွေးတွေက သူ့ရဲ့ဒယ်ဒီအကြောင်းကိုပဲ စိတ်ရောက်နေသည်။

အထူးသဖြင့် ပထမအကြိမ် ရှောင်းကျန့်က ရိပေါ်ရဲ့ပါးဖောင်းဖောင်းလေးကို ကိုင်တွယ်ပွတ်သပ်ခဲ့စဉ်က ရိပေါ် စိတ်မလှုပ်ရှားမိပေမယ့် အမည်မသိသော တစ်ခုခုကို ခံစားမိသည်။ သည်အကြောင်းတွေကို ပြန်ပြောင်းတွေးတောရင်း ရိပေါ်လေး ချိုမြိန်စွာ ပြုံးနေခဲ့မိသည်။

"ဟေ့ကောင် ဝမ်ရိပေါ်! ငါ့ကို ကယ်ဦးဟ! မင်းသူငယ်ချင်းအရူးကောင်က ငါ့ကို သတ်တော့မှာ!"
အားယွမ် ပစ်ပေါက်နေသော အရာဝတ္ထုမျိုးစုံကို ရှောင်ရရှားရလုပ်ရင်း ကျင်းရီ အော်ပြောရသေးသည်။ ရိပေါ်ရဲ့တိုက်ခန်းတော့ ရှုပ်ပွကုန်ပါပြီ။

သောက်နေကျစီးကရက်တစ်လိပ်ကို မီးညှိရင်း ရိပေါ်က အေးအေးသက်သာစွာပင် ပြောလေသည်။
"မပူနဲ့.. သူမင်းကို သတ်မှာမဟုတ်ဘူး"

ရိပေါ် ဆေးလိပ်တစ်ချက်ဖွာရှိုက်ရင်း စိတ်တိုရက်စက်နေဟန်ရှိသော အားယွမ်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
"လက်ကျိုး..ခြေကျိုးလောက်ပဲဖြစ်မှာပါ"

သည်လိုပြောတော့ ကျင်းရီက ရိပေါ်ကို ပြောပစ်လိုက်သည်။
"အေးပါ.. မင်းလည်း စောက်ရူးပဲ"

"မင်း မကောင်းတဲ့အကောင်.. အန်ကယ်တစ်ယောက်နဲ့ မင်းသူငယ်ချင်းအရင်းကြီးကို ဘယ်လိုစိတ်နဲ့ ချိတ်ပေးနိုင်ရတာလဲ ?.. အဲ့သည်လူက ရက်စက်ကြမ်းကြုတ်တဲ့လူဆိုလျှင်ရော ?... ဒါမှမဟုတ် psychopathတစ်ယောက်ဖြစ်နေလျှင်ရော ?.. မင်း ရိပေါ်ကို သတ်ပစ်ချင်နေတာလား ?.. ငါပြောသလိုသာဆိုလျှင် မင်းဘယ်လိုများလုပ်မလဲ ?"

SUGAR BABY (ZSWW) (မြန်မာဘာသာပြန် /မြန်မာဘာသာပြန်) (COMPLETED)Where stories live. Discover now