6. I just want (1) (Unicode)

1.8K 187 0
                                    

"ကိုယ်လိုချင်တာက......... "

ရိပေါ် ၊ ရှောင်းကျန့်ကို မျက်မှောင်ကြုတ်၍  မကြည့်မိခင်တခဏ မလှုပ်မရှားကျောက်ရုပ်တစ်ခုကဲ့သို့ ရပ်နေခဲ့မိတယ်။

ရှောင်းကျန့်၊ ဒီစကားတွေကိုသာ တစ်ဖန်ထပ်၍ ။

"ကိုယ်လိုချင်တာက......... အင်း အခု မလိုချင်သေးဘူး..၊  ကိုယ်လိုချင်ပြီဆိုမှ.. လွယ်လင့်သလိုထလုပ်မယ်"

ရိပေါ်  ရှောင်းကျန့်ရဲ့ တည်ငြိမ်ညင်သာလှသော စကားသံကို နားထဲထပ်ခါထပ်ခါကြားနေရသည်။

ရုတ်ခြည်းပင် ဒီစကားများက သူ့ရင်ကိုလည်း နာကျင်စေပါသည်။

သူကြားခဲ့တာတွေ အမှန်မဟုတ်ပါစေနဲ့ လို့ပင်    မျှော်လင့်မိသည်။

အကြောင်းအရင်းတချို့အတွက်နဲ့  ရိပေါ်  မျက်ရည်စတွေ စီးကျလာကာ သူ့မျက်လုံးဝိုင်းဝိုင်းလေးတွေ နီရဲဖောက်လာသည်။ 'မလိုချင်သေးဘူး' ဒီစကားလုံးတွေက ဘာလို့်စိတ်မချမ်းမြေ့ဖွယ် ခံစားနေရတာလဲ_? ဘာလို့ ရိပေါ်က ပိုပြီးနာကျင်နေသလို ခံစားရတာလဲ_? ဒီလိုဆို ရှောင်းကျန့် ဆီက သူတကယ်လိုချင်နေခဲ့တဲ့  အဖြေက ဘာများပါလိမ့်_?

ရိပေါ် သူ့ကိုယ်သူ ရှောင်းကျန့်ရဲ့လက်များကြားမှ ရုန်းထွက်သွားပြီး  ကောင်းကောင်းမွန်မွန် ရပ်ဖို့ ကြိုးစားလျက်။

"ဟုတ်ပါတယ်.. ခင်ဗျား မှန်ပါတယ်.. ခင်ဗျားလည်း ခင်ဗျားအကြောင်းနဲ့ ခင်ဗျား sugar baby ရှာရတာပေါ့"
သူ မှတ်ချက်ပြုရင်း ခါးသီးစွာ ပြုံးလိုက်တယ်။

"ကျွန်တော်က တော်တော်ဝေးဝေးထိ ကြိုစဉ်းစားနေမိတာပဲ"
ရိပေါ် ရေရွတ်မိသည်။

ရိပေါ်ရဲ့ မကျေမနပ် စိတ်ပျက်လက်ပျက် ဖြစ်နေသော မျက်နှာကို ရှောင်းကျန့် သတိထားမိသွားပြီး  စကားမပြောနိုင်လောက်အောင် ရုတ်တရက် လည်ချောင်းက ခြောက်သွေ့သွားသလိုလို။

"အင်း.. ဒါကြောင့် ကိုယ်တောင်းဆိုပါတယ်.. ကျေးဇူးပြုပြီး မင်းရဲ့အပြုအမူတွေကို ဆင်ခြင်ပေးပါ.. ကိုယ်ဖြစ်စေချင်တာတွေကို ကိုယ့်ရဲ့ဘေဘီက ငြင်းဆန်နေတဲ့အခါမျိုး ကိုယ်မကြိုက်ဘူး "

SUGAR BABY (ZSWW) (ျမန္မာဘာသာျပန္ /မြန်မာဘာသာပြန်) (COMPLETED)Where stories live. Discover now