=======================================
| 'ကျန့်'နဲ့ 'ဝမ်မားမား'က ဘယ်လိုပတ်သက်မှုတွေ ရှိခဲ့ကြတာလဲ ? |
=======================================10. Convenience (2)
____________________________ရိပေါ် နှာဖျားကို ပွတ်ချေပစ်ရင်း.. ရှူးဖိနပ်တွေကို ကန်ဆောင့်ချွတ်ပစ်ရင်း.. အိပ်ယာပေါ် ပစ်ဝင်အိပ်လိုက်သည်။
ခန္ဓာကိုယ်က နာကျင်မှုက လွဲလျှင် ရိပေါ်ရဲ့စိတ်က ရိပေါ်ကို အနာတရ ဖြစ်စေခဲ့တဲ့ အဖြစ်အပျက်ကိုပဲ ဖန်တလဲလဲ တွေးနေမိတာ။
ပျော်ရွှင်ဖွယ် အမှတ်တရလေး!
ရှောင်းကျန့်ရဲ့အပြုအမူတွေကို ထပ်ခါတလဲလဲ တွေးမိရင်း ကျေကျေနပ်နပ်ကြီး ပြုံးလိုက်သည်။ အထူးသဖြင့် ရိပေါ်ကို တအားဂရုစိုက်နေတဲ့ ရှောင်းကျန့်ကို တွေးလိုက်မိတိုင်း ဒီထက်ပိုပြီး ပိုပြီး ဂရုစိုက်ခံရဖို့ မျှော်လင့်မိသွားတာ ရိပေါ် မှားတယ်လို့ ထင်လား ?
မိမိကို ကာကွယ်ပေးနေတာကို ရိပေါ် တွေးမိပြန်တော့လည်း တလေးတစား ဖြစ်ရပါတယ် ရှောင်းကျန့်ရယ်..
📞💢
ရိပေါ်ရဲ့ စိတ်ကူးကမ္ဘာလေးကို ဖုန်းမြည်သံက ဖျက်ဆီး၍သွားသည်။"ဪ.. ငါ့ကို ခေါ်ဖို့တော့ သတိရသေးသားပဲ "
ပျင်းပျင်းရိရိနဲ့ပဲ ဖုန်းကိုင်လိုက်သည်။"ငါ တောင်းပန်ပါတယ် ရိပေါ်ရာ "
ရိပေါ် ပြန်လည်းမပြောသလို ဖုန်းလည်း ချမပစ်ခဲ့ပေ။
"ငါ မင်းကို ပြောပြချင်ပါတယ်ဟ.. ဒါမယ့် မင်းမှာလည်း စိတ်ရှုပ်စရာတွေ များနေတယ်ထင်မိတော့ မင်းကို ထပ်ပြီး အနှောင့်အယှက်ပေးသလို ဖြစ်နေမှာ စိုးလို့ပါ "
"ဒါဆိုလည်း မင်းတို့နှစ်ကောင်က ဘယ်လိုဖြစ်ကြတာလဲ ? အမလေးနော်! မင်းနဲ့ ချင်းရန် "
"ချင်းရန်က ငါ့ကို ပြောတယ်.. ယောကျာ်းလေး အချင်းချင်း ဟိုဟာပြုရတာက ပိုပြီး အူယားဖို့ ကောင်းတယ်တဲ့.. အဲ့ဒါနဲ့ ငါလည်း တအားသိချင်စိတ်များသွားပြီး.. လက်တည့်စမ်းထည့်လိုက်တာ.. ဒီလိုဖြစ်သွားရော "

YOU ARE READING
SUGAR BABY (ZSWW) (မြန်မာဘာသာပြန် /မြန်မာဘာသာပြန်) (COMPLETED)
FanfictionFULLY CREDIT TO ORIGINAL AUTHOR - 'JiSheun' FULLY CREDIT TO ENGLISH TRANSLATOR AUTHOR - 'Star-755' (Zawgyi + Unicode) အသက် ၁၈နှစ်အရွယ် ဝမ်ရိပေါ်လေးရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းပါတယ်။ သို့ပေမယ့် ဝမ်ရိပေါ်လေးဟာ မထင်မှတ်ဘဲ ပို၍ကောင်းမွန်သောဝန်းကျင်သို့ ရော...