================================================
(အားလင် နံဘေး နေပေးမှာလား / ဝမ်ရိပေါ်ကိုပဲ ရွေးချယ်မှာလား)
================================================"ဘယ်ကပြန်လာတာလဲ ရှောင်ကျန့် ? "
ရှောင်းကျန့် သက်ပြင်း ပြင်းပြင်းချလိုက်ပြီး။ အခန်းရှေ့ လက်ပိုက်ရပ်ကြည့်နေတဲ့ သူ့အဖေဘက်ကို လှည့်ကြည့်လိုက်တယ်။"ဘာဖြစ်ပြန်လို့လဲ ကျွန်တော့ကို စိတ်ပူနေတာလား ? ကျွန်တော်က အရွယ်ရောက်ပြီ "
"ဒါပေမယ့် မင်းက သနားစရာကောင်းတဲ့ ကောင်လေး ဖြစ်နေဆဲပါပဲလား "
ရှောင်းသခင်ကြီး ကျယ်ကျယ်လောင်လောင် ပြောလေတယ်။ရှောင်းကျန့်ကတော့ စိတ်မဝင်စားဟန် ပုခုံးတွန့်ပြပြန်တယ်။ ဒီလိုတွေ ငြင်းခုံနေရတာ သူလည်း တကယ်ကို ပင်ပန်းနေပါပြီ။
"ဘာဖြစ်ရတာလဲ ပါးပါး ?"
"မင်းအဖေအနေနဲ့ ပြောရလျှင် ဝမ်ရိပေါ်ကို စွန့်လွှတ်လိုက်စေချင်တယ် "
ရှောင်းသခင်ကြီးက ရှောင်းကျန့်မျက်လုံးတည့်တည့်စိုက်ကြည့်ပြီး တိကျပြတ်သားစွာ စကားဆိုလေသည်။ရှောင်းကျန့်မှာ တစ်ဖန်အသက်ပြင်းပြင်းရှူထုတ်ကာ လက်သီးတင်းတင်းဆုပ်မိသည်။
"ပါး နားလည်အောင် ကျွန်တော် ထပ်ရှင်းပြဖို့လိုသေးတာလား.. ကျွန်တော် လွန်ပြီးသွားပြီဆိုတာကိုလေ..
မဟုတ်သေးဘူး.. ကျွန်တော်က သူ့ကို တစ်ယောက်တည်း ထားခဲ့မှာ မဟုတ်ဘူးနော် ဘယ်တော့မှပဲ "
တစ်လုံးချင်း အလေးအနက်ထား ပြောလေတယ်။"Xiao Zhan!!!"
"ဘာမှားလို့လဲ ? ဘာလဲ ? ပါးက ဘာတွေ ထပ်ချုပ်ချယ်ချင်သေးတာလဲ ? ကျွန်တော့ဘဝတစ်ခုလုံး ထိန်းချုပ်လာခဲ့ပြီးပြီလေ တော်ရောပေါ့ "
ရှောင်းကျန့် အသက်ရှူငွေ့တို့က တဖြည်းဖြည်း မူမမှန်ဖြစ်လာလေသည်။ စိတ်ခံစားမှုအလိုက် သူ့အဖေကို ရန်စကားမဆိုမိအောင် တတ်နိုင်သမျှ ကြိုးစားနေရသည်။
"အားလင်နဲ့ ဝမ်ရိပေါ်ဆို ဘယ်သူ့ရွေးမှာလဲ ရှောင်ကျန့် "
မီးတဟုန်းဟုန်းတောက်သလိုမျိုး စိတ်တိုလာတဲ့ ရှောင်းကျန့်က သူ့အဖေဘက်လှည့်ကြည့်ုပြီး
"ဘာကိုပြောချင်တာလဲ ?"

YOU ARE READING
SUGAR BABY (ZSWW) (မြန်မာဘာသာပြန် /မြန်မာဘာသာပြန်) (COMPLETED)
FanfictionFULLY CREDIT TO ORIGINAL AUTHOR - 'JiSheun' FULLY CREDIT TO ENGLISH TRANSLATOR AUTHOR - 'Star-755' (Zawgyi + Unicode) အသက် ၁၈နှစ်အရွယ် ဝမ်ရိပေါ်လေးရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းပါတယ်။ သို့ပေမယ့် ဝမ်ရိပေါ်လေးဟာ မထင်မှတ်ဘဲ ပို၍ကောင်းမွန်သောဝန်းကျင်သို့ ရော...