7. Don't Fall in Love with Me (1) (Unicode)

1.6K 171 5
                                    

."ငြင်းလို့မရဘူး ဝမ်ရိပေါ် "

ရှောင်းကျန့် ရိပေါ်ရဲ့လက်ကို ဖမ်းကိုင်ခဲ့သော်လည်း ရိပေါ် ပြန်ရုန်းထွက်ပါသည်။

"Dinner ဆိုတာ ရှိလည်းမရှိဘူး ၊ ကျွန်တော်လည်း မစားချင်ဘူး"

"ဝမ်ရိပေါ်!!! "
ဒီတစ်ကြိမ်မှာ ဒီလူသားဆီက ထွက်လာသည့် ဒေါသသံကို ရိပေါ် ခံစားမိ၍ ကြည့်မိသည်။

"ကိုယ်ဘယ်နှခါ ထပ်ပြောနေရဦးမှာလဲ_? ဘယ်နှခါတောင် ထပ်ပြောစေချင်နေတာလဲ_? စကားကို ကြည့်ပြော ရိပေါ် "

ရှောင်းကျန့် ရဲ့ အေးစက်စက်အပြောကြောင့် ရိပေါ် ထွက်ပြေးချင်စိတ်တောင် ပေါက်သွားသည်။

"ကဲ dinner စားပွဲ သွားကြရအောင် ၊ အိမ်စေတွေက စေတနာအရင်းခံနဲ့ ချက်ပြုတ်ပေးထားတွေကို မင်းမစားချင်တာနဲ့ဘဲ သူတို့ရဲ့စေတနာကို မရိုက်ချိုးနဲ့ ၊ သူတို့ စိတ်ထိခိုက်ရတယ် "

"ဘာလုပ်ရမှာလဲ ၊ သူတို့ကို ချက်ပြုတ်ခိုင်းထားတာ ကျွန်တော် မဟုတ်ဘူး ၊ အိမ်ပြန်တော့မှာ- ကျွန်တော်က " ရိပေါ် ခပ်မြန်မြန် ဆိုသွားခြင်းတည်း။

"ညစာ စားပြီးမှ အိမ်ပြန်"

"မစားချင်ဘူး ၊ အိမ်ပဲပြန်ချင်တာ"
ရိပေါ် ကြေကွဲသံ ဖြစ်လို့လာတော့။

အဝေးရောက်နှင့်ပြီးတဲ့ ရှောင်းကျန့်က ရိပေါ်ဆီ ပြန်လှည့်လာကာ။ ရိပေါ်ရဲ့မျက်နှာသေးသေးလေးကို ပွတ်သပ်ကိုင်တွယ်ပြီး။

"ကိုယ်က ဝမ်ရိပေါ်ကို မေးခွန်းထုတ်နေတာ မဟုတ်ဘူးလေ"

ရှောင်းကျန့်ရဲ့ လက် ၊ ရိပေါ်ရဲ့နှုတ်ခမ်းဆီသို့ နူးညံ့စွာ ဆင်းသက်ကျလာသည်။

"မေးခွန်းထုတ်နေတာ မဟုတ်ဘူး ၊ ဘေဘီ့ကို အမိန့်ပေးနေတာမို့ ညစာစားပွဲ မြန်မြန်သွားစို့နော် ဘေဘီလေးရေ "

ဒီတခဏ ရိပေါ် အသက်ရှူဖို့ပင် မေ့လျော့၍ သွားခဲ့သည်။ တကယ်ပါပဲ၊ ရှောင်းကျန့်ရဲ့ စူးစိုက်ငေးကြည့်နေပုံက ရိပေါ် အလိုလိုနေရင်း ခန္ဓာကိုယ်က အားအင်မရှိတော့သလိုကို ဖြစ်သွားသည်။

God! Damn it!

ရှောင်းကျန့်ရဲ့အမိန့် လိုက်နာမည့်အစား အခြားကျိန်ပဲကျိန်ဆဲနိုင်တော့သည်။

SUGAR BABY (ZSWW) (ျမန္မာဘာသာျပန္ /မြန်မာဘာသာပြန်) (COMPLETED)Where stories live. Discover now