================================================
18. STRUGGLE.
================================================နာကျင်မှုဆိုတာ လူတိုင်းအတွက် သူ့အတိုင်းအတာနဲ့သူ ရှိတယ်။ သင့်ကိုယ်သင် စိတ်ချမ်းမြေ့ပျော်ရွှင်အောင်လုပ်ပေးခြင်းဖြင့် နာကျင်မှုကို သင် ရှောင်လွဲလို့ရနိုင်ပါတယ်။ ဒါမှမဟုတ် နာကျင်မှုကို ပြေလျော့စေမယ့် တစ်ခုခုလုပ်ပေးတာမျိုးလေ။
အဲ့ဒီလိုနည်းတွေရှိပေမယ့် ထိုနည်းတွေက ရိပေါ်အတွက်တော့ အလုပ်မဖြစ်ခဲ့ပါဘူး။ ရှောင်းကျန့် သူ့ကို ပေးဖူးတဲ့ နာရီလေးကို အခန်းထဲမှအိပ်ယာပေါ်ထိုင်နေတဲ့ ကောင်လေးတစ်ယောက်က တွေးတွေးဆဆနဲ့ စိုက်ကြည့်နေလေတယ်။
ရှောင်းကျန့်ဆီမှ ရခဲ့တဲ့ လက်ဆောင်လေးကိုကြည့်ရင်း သူ့နှလုံသားက စူးစူးနစ်နစ်နာကျင်လာတယ်။
"ဆေးသောက်ရမယ် ရိပေါ် "
ခေါင်းငိုက်စိုက်နဲ့ရိပေါ်ကို ကျိုးအာပြောတော့ ရိပေါ်က အလွန်စိတ်ပျက်စရာကောင်းတဲ့အကြည့်မျိုးနဲ့ ကျိုးအာကို လှည့်ကြည့်တယ်။"ငါ ကျန့်နဲ့ တွေ့ချင်တယ် plz ကျိုးအာ "
ဒါကိုကြားတော့ ကျိုးအာက ဒေါသတကြီးဖြစ်သွားပြီးမာန်မဲတယ်။ သူ့လက်ထဲက ဖန်ခွက်ကို ဆောင့်ချပြီး စိတ်တိုတိုနဲ့ ရိပေါ် ပုခုံးကို ဆတ်ခနဲ ကိုင်တယ်။
"ဝမ်ရိပေါ် ဘာလို့ဒီလိုဖြစ်နေတာလဲ ဟမ် ? သူက မင်းကို ပစ်သွားပြီ! သူကမင်းနဲ့အတူမရှိချင်ဘူး! ဒါကို မင်း လက်ခံရမယ်! "ရိပေါ် ထိတ်လန့်ခြောက်ခြားသွားတယ်။ သူ့နှလုံသားမှာ ရှိနှင့်ပြီးသား ဒဏ်ရာဒဏ်ချက်ကို ဓားနဲ့အစိတ်စိတ်အမွှာမွှာထိုးနေသလို အူလှိုက်အသည်းလှိုက်နာကျင်ရတယ်။
"သူ ငါ့ကို မထားခဲ့နိုင်ပါဘူး.. သူ့မှာလည်း သူ့အကြောင်းနဲ့သူ ရှိမှာပေါ့.. ငါကအာ့ကိုသိဖို့ပဲလိုတာ.. ပြီးတော့လည်း "
ရိပေါ်ပါးမို့ဖြူဖြူအုအုလေး နီရဲဖောက်မသွားခင်အထိ ကျိုးအာ ရိုက်တော့တယ်။"မင်းရူးနေပြီပဲ!!! "
နီရဲရဲမျက်လုံးတွေနဲ့ကျိုးအာ အော်တယ်။ ရိပေါ် ဒီလိုတွေဖြစ်နေတာကို ကျိုးအာလည်း တကယ်ကို ရပ်ကြည့်မနေနိုင်ပါဘူး။ အခုလိုမျိုး ကျိုးလွယ် ပဲ့လွယ် အားနည်းတတ်တဲ့ရိပေါ် မဟုတ်တဲ့။ နာကျင်ရင်တောင် အမြဲတမ်း ပြုံးနေတတ်တဲ့ သန်မာတဲ့ရိပေါ်ကို သိပ်သတိရမိတယ်။
YOU ARE READING
SUGAR BABY (ZSWW) (ျမန္မာဘာသာျပန္ /မြန်မာဘာသာပြန်) (COMPLETED)
FanficFULLY CREDIT TO ORIGINAL AUTHOR - 'JiSheun' FULLY CREDIT TO ENGLISH TRANSLATOR AUTHOR - 'Star-755' (Zawgyi + Unicode) အသက် ၁၈နှစ်အရွယ် ဝမ်ရိပေါ်လေးရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းပါတယ်။ သို့ပေမယ့် ဝမ်ရိပေါ်လေးဟာ မထင်မှတ်ဘဲ ပို၍ကောင်းမွန်သောဝန်းကျင်သို့ ရော...