16. DECISION ပထမပိုင်း (ZAWGYI)

536 35 3
                                    

16. DECISION

အရာအားလုံး အဆင်ပြေမယ်လို့ ထင်နေကြတာလား 😈

ဝမ်ရိပေါ်ရဲ့ အပြုံးတွေဟာ ရှောင်းကျန့်တည်ရှိမှုနှင့်အတူ အမြဲတစေ ဖြစ်ထွန်းပွင့်လန်းလျက်ရှိနေသည်။

လေသာခန်းဘက်ဆီမှ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသားက လက်ရမ်းပြနေသည်ကို မြင်လိုက်ရတာ သူ့ကို ပျော်ရွှင်စေတယ်။

အဲ့ဒီလိုနဲ့ သူလည်း ရှောင်းကျန့်ကို နှုတ်ဆက်ဖို့ ဝမ်းသာအာရ အလျင်စလို အပြေးလေး သွားလိုက်တယ်။ သို့ပေမယ့် ရှောင်းကျန့် အနောက်က ရပ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတဲ့အခါ ရိပေါ် အေးစက်သွားလေသည်။

မျက်လုံးလည်း ပြူးသွားသည်။ ရှောင်းကျန့်နဲ့ မျက်နှာချင်းဆိုင်တော့ ရှောင်းကျန့်က ပြုံးပြီး သူ့ခေါင်းကို ညင်ညင်သာသာ ပုတ်လေသည်။

"သူက ဘာလို့ ဒီရောက်နေတာလဲဟင် ?" လက်ညှိုးညွှန်၍ မေးလိုက်ခြင်း။
"သူနဲ့လည်း မဆိုင်ဘဲနဲ့ ဘာလို့ ခေါ်လာရတာလဲ ?"

ထိုကောင်လေးက ဒေါသအမျက်ချောင်းချောင်းထွက်ခြင်း စိုးစဉ်းမျှမရှိဘဲ  ပြန်ပြောလေတယ်။
"ဘာလို့ မိန်းကလေးတွေလို ပြုမူနေရတာလဲ ?"

ရိပေါ် ပါးစပ်ဟသွားရပြီး ရှောင်းကျန့်ကို ဖြေရှင်းချက်တောင်းခံချင်နေတဲ့ မျက်ဝန်းတို့ဖြင့် ကြည့်လိုက်သည်။ ဒါပေမယ့် ရင့်ကျက်တဲ့ ဒီလူကြီးက သာမန်ကာလျှံကာ ဖြေတယ်။

"သွားကြမယ်လေ "
ရိပေါ်ကို အရှေ့ခန်းမှာ ထိုင်ဖို့ ဦးဆောင်ခေါ်သွားပေမယ့် အားလင်က သွက်သွက်လက်လက်နဲ့ ဦးအောင်ထိုင်လိုက်သည်။

"ငါ ထိုင်ပြီးပြီမို့ အခြားခုံကို သွားလိုက်ပါ "

"မသွားနိုင်ပါဘူး "

အားလင် ဟန်ပါပါနဲ့ လက်ပိုက်လိုက်သည်။
"ဒီနေရာက မင်းအပိုင် ဖြစ်မလာခင်ကတည်းက ငါပိုင်တာ.. ငါတစ်ယောက်ပဲ ပါးပါးဘေးမှာ ထိုင်သင့်တာလေ "

ရိပေါ်က သူ့ကို ကာကွယ်ပြောပေးမယ်အထင်မျှော်လင့်ချက်အပြည့်နဲ့ရှောင်းကျန့်ကိုလှည့်ကြည့်လေတယ်။သို့ပေသိရှောင်းကျန့်ကိုယ်တိုင်ကသူ့လက်မောင်းကိုဆွဲနေတာကိုမြင်ရတော့သူယုံတောင်မယုံနိုင်ဖြစ်ရသည်။

SUGAR BABY (ZSWW) (မြန်မာဘာသာပြန် /မြန်မာဘာသာပြန်) (COMPLETED)Where stories live. Discover now