13. Forgive (Unicode)

1.4K 159 44
                                    

____________________________________________________________________

ရှောင်းကျန့် သူ့တစ်ကိုယ်လုံး ကျိန်းစပ်နေသည်အလား ခံစားရ၏။ မျက်နှာကြက်ကို မြင်မိတော့ ဒါဟာ ယမန်နေ့ညက နိုက်ကလပ်နဲ့ မနီးမဝေးမှာရှိတဲ့ မိုတယ်အခန်းတစ်ခုမှာ ဖြစ်တဲ့အကြောင်း ချက်ချင်း သတိရမိသွားသည်။

သူ့ခြေထောက်နဲ့ လက်တွေက နာကျင်ပြီး ကြွက်တက်ချင်နေသကဲ့သို့ သူ့နှုတ်ခမ်းသည်လည်း ဖူးရောင်နေရော့မည်။

ယမန်နေ့ညက သူ တကယ်ကို အရသာမြည်းစမ်းခံနေရတာလေ။ ပုန်ကန်ချင်နေတဲ့ သူ့ကောင်လေး ရိပေါ်က သူ့မျက်နှာကို မနားတမ်း အနမ်းခြွေနေခဲ့သည်။

သူ့ကို လွှတ်ပေးဖို့ ရှောင်းကျန့် ကိုယ်လုံးကို မှီရာ ရိုက်၍လည်း နေခဲ့သေးသည်။ ကံကောင်းစွာနဲ့ပဲ ရှောင်းကျန့်က ချက်ချင်း

သူ့ဘော်ဒီဂတ်ကို အိပ်ဆေး(ထိုးဆေး) ယူပေးဖို့ ပြောလိုက်၍ တော်ရော့သည်။ ဤသို့သာ မဟုတ်လျှင် ဘာဆက်ဖြစ်မလဲ ပုံဖော်၍ မဖြစ်နိုင်တော့ပြီ။

တစ်ယောက်က သူ့ကို တင်းကျပ်စွာ ဖက်ထားသည်ကို ခံစားလိုက်မိတဲ့အချိန် ရှောင်းကျန့် နိုးထ၍လာခဲ့ပြီ။

ရုတ်ခြည်းပင် သူ့ကိုယ်က နာကျင်မှု အလုံးစုံဟာ သူ့နှလုံသားကို တတိတိ တိုက်စားနေတဲ့ နာကျင်မှုနှင့် ယှဉ်လျှင် မပြောပလောက်စရာ ပမွှားလေးသာသာ။

ဖြေးဖြေးနှေးနှေးသာ နေရာရွေ့လိုက်သည်မှာ သူ့ကိုယ်က နာကျင်မှုကြောင့် မဟုတ်ဘဲ ရိပေါ်လေး နိုးသွားမှာ မလိုလားသောကြောင့်ပင်။

သူ့ရင်အုံပေါ်က ရိပေါ်လေးရဲ့ ခေါင်းလုံးလုံးလေးကို ခေါင်းအုံးပေါ် နေရာ ပြောင်းရွေ့ချပေးလိုက်ပြီး ရိပေါ်ရဲ့ ကိုယ်ပေါ်ကို စောင်တစ်ထည် ဖုံးလွှမ်းပေးလိုက်လေသည်။

တခဏခန့် ရိပေါ် ပျင်းကြောဆန့်ထုတ်နေခဲ့ပေမယ့် သူ့မျက်လုံးလေးတွေက မှိတ်ထားတုန်းပဲ။ မျက်ခွံအောက်မှ ပိန်းပိတ်အောင် မည်းနက်မှုက အိပ်စက်ခြင်း မရှိတော့တာကို ထင်ရှားစေပါသည်။

သို့ပေမယ့် ရှောင်းကျန့်က ဒီထူးခြားတဲ့ မျက်နှာတော်လေးကို ကြည့်ရှုခွင့် အဆုံးရှုံးမခံချင်ပါဘူး။ ဒါကြောင့်မို့ သူ့ဘဝကို  တစ်ဖန် ပြန်ရှာတွေ့သည့်အတိုင်း တယုတယ ထိတွေ့၍ နမ်းရှုံ့လိုက်လေသည်။

SUGAR BABY (ZSWW) (ျမန္မာဘာသာျပန္ /မြန်မာဘာသာပြန်) (COMPLETED)Where stories live. Discover now