"ကျွန်တော် အိပ်တော့မယ်.. ကျန့်.. ၊လိုချင်တာရှိရင် ရေခဲသေတ္တာထဲမယ်.. ရှာကြည့်နော်..၊ ဗိုက်ဆာရင်လည်း မှာသာစားလိုက်တော့"ရိပေါ် သူ့အခန်းထဲ သွားအိပ်ချင်ပြီမို့ပြောတော့ ။ ရှောင်းကျန့်က ဗလာသက်သက်အကြည့်ဖြင့်သာ ကြည့်နေခဲ့သည် ။
ငါးနာရီထက်မနည်း ရိပေါ် အိပ်ယာထက်လူးလိမ့်နေရသည် ။ မျက်လုံးလည်းမမှိတ်နိုင် ၊ အိပ်လည်းအိပ်မပျော်နိုင်သည့်အပြင် သူ့အတွေးတွေမှာ ရှောင်းကျန့်က ကြီးစိုးနေသည်။ ဒီလူကြီး ပြန်သွားလောက်ပြီထင်ပါတယ်။ ရိပေါ် ထ၍စစ်ဆေးကြည့်ရန် တွေးမိပေမယ့် နောက်ဆုံးတော့ အိပ်ယာပေါ်တွင် မှောက်အိပ်နေမိသည်သာ။
"အမယ်လေး.. !"
အပြင်က အော်သံကြားကြားချင်း ရိပေါ် နိုးသွားသည်။ အိပ်တစ်ဝက် နိုးတစ်ဝက်နှင့်မို့ ခေါင်းမူးနေသော်လည်း အိပ်ခန်းအပြင်မြန်မြန်ထွက်ကြည့်ရသည်။"အားယွမ် ၊ မင်းကြောင့် ငါအိပ်ရေးပျက်ရပြီ"
ရိပေါ် စိတ်ဆိုးမာန်ဆိုးနှင့် ပြောနေရင်း အားယွမ်ကို ကြည့်မိရာ..။ အားယွမ် စိုက်ကြည့်နေသည့် ရှောင်းကျန့်ကိုပါ မြင်လိုက်ရသည်။ဘုရားရေ! ဒီလူ အခုထိ အိမ်မပြန်သေးပါလား_? မနက်တောင် ရောက်နေပြီလေ။
"အာ.. ရိပေါ်.. ၊ ရှောင်းကျန့်က ဘာလို့ဒီရောက်နေတာလဲ _? "
အားယွမ်၊ ဆိုဖာပေါ်ထိုင်နေသည့် ရှောင်းကျန့်ကို မေးငေါ့၍ မေးလေရာ။ ရိပေါ်လည်း နားမလည်နိုင်တော့။ ရှောင်းကျန့်ရဲ့ပုံက - မနေ့ညက ရိပေါ် ထားခဲ့သည့်အတိုင်း သေသပ်ကြော့ရှင်းနေတယ်။ ဒါဘယ်လိုတောင်မဖြစ်နိုင်မှုကြီးလဲ။
"ကျန့်..၊ မနေ့ညက အိမ်မပြန်ဘူး လား_? "
ရိပေါ် ၊ အားယွမ်ရဲ့အမေးကို မသိကျိုးကျွံပြုကာ ရှောင်းကျန့်ကို မေးလိုက်ရာ။"ချက်ပြုတ်တတ်လား ရိပေါ် _? "
ရှောင်းကျန့် ၊ ဖြေကြားခြင်းမရှိဘဲ ပြန်မေးလေတယ်။"တတ်တယ်.. တတ်တယ်.. သူက ဒါမျိုးဆို သိပ်ကျွမ်း!"
ကြားဝင်ဖြေတဲ့သူဟာ အားယွမ်ပင်ဖြစ်၍ ရိပေါ်ဟာဖြင့် တောင်ကြည့်မြောက်ကြည့်နေလေသည်။

YOU ARE READING
SUGAR BABY (ZSWW) (ျမန္မာဘာသာျပန္ /မြန်မာဘာသာပြန်) (COMPLETED)
FanfictionFULLY CREDIT TO ORIGINAL AUTHOR - 'JiSheun' FULLY CREDIT TO ENGLISH TRANSLATOR AUTHOR - 'Star-755' (Zawgyi + Unicode) အသက် ၁၈နှစ်အရွယ် ဝမ်ရိပေါ်လေးရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းပါတယ်။ သို့ပေမယ့် ဝမ်ရိပေါ်လေးဟာ မထင်မှတ်ဘဲ ပို၍ကောင်းမွန်သောဝန်းကျင်သို့ ရော...