ဝမ်ရိပေါ်သည် ရှောင်းကျန့်ချစ်သူ ဖြစ်လာပြီဆိုကတည်းက ရိပေါ် မူးနောက်ချာချာလည်လောက်အောင် ရှောင်းကျန့်မှာ ပိုမိုများပြားလှသော စည်းကမ်းချက်များ ချဲ့ကားလာလေသောကြောင့် စိတ်ခေါ်မှုများစွာနှင့် နေ့စဉ်ဘဝကို ရင်ဆိုင်ရပါတော့တယ်။
"ကျန့်.. ရိပေါ်က ကလပ်ကို
သွားမလို့ မဟုတ်ပါဘူး..
ကျိုးအာနဲ့ စာကြည့်တိုက်
သွားချင်လို့ပါဆို! "ကလပ်မှာ ကိစ္စတစ်ခုဖြစ်ပြီးသည့်နောက် သူ ဘယ်တော့မှ အဲ့ဒီနေရာကို ထပ်မသွားသင့်တော့မှန်း ရိပေါ် ကောင်းကောင်းသိလိုက်ရပြီးပြီ။
"ကလပ်သွားမှာ
မဟုတ်ဘူးဆိုလျှင်တောင်
ဘော်ဒီဂတ်ခေါ်သွားရမှာပဲ ရိပေါ် "ရှောင်းကျန့်က ရိပေါ် သူ့ကို စကားနိုင်မလုနိုင်အောင် လုပ်နေတာပဲ ဖြစ်သည်။ အထူးသဖြင့် ရှောင်းကျန့် သူ့ကောင်လေးခေါင်းကို ပုတ်လိုက်ပြီး ဝန်းကျင်ကို ဝေ့ကြည့်ကာ မျက်မှောင်ကြုပ်သွားသည်။
"ဟန်နီ ဒီနေရာမှာ
သည်းကြီးမည်းကြီး
စားချင်နေတာ သေချာလား "ဒီမေးခွန်းက အဖြေမလိုတော့သော မေးခွန်းတစ်ခု။ အကြောင်းအရင်းမှာ ရိပေါ်က လူသွားစင်္ကြန်အနားနီးတဲ့ ခုံတစ်ခုံပေါ် ထိုင်ပြီးသားဖြစ်သလို ပေါက်စီနှစ်ပွဲ အလျင်မှာလိုက်ပြီးသား ဖြစ်နေပြီ။
ရိပေါ် ရှောင်းကျန့်လက်ကို ဆွဲ၍ ထိုင်ရန် ပြောလေသည်။
ရှောင်းကျန့်က ရပ်နေဆဲဖြစ်သကဲ့သို့ လူသွားစင်္ကြန်လမ်းကို ဂရုတစိုက် စိုက်ကြည့်နေလေသည်။
"ဟန်နီ နေရာကိုလည်း ကြည့်ဦး ညစ်ပတ်လွန်းတယ်ကွာ "ရိပေါ် မတ်တပ်ထရပ်လိုက်ပြီး ဆိုင်ရှင်ထံမှ Tissue အနည်းငယ် တောင်းယူကာ ဘေးမှာ ထိုင်စရာ အခင်းသဖွယ် လုပ်ယူလိုက်သည်။
"ဒီမှာ ထိုင်တော့ "
ရိပေါ်က ပြောရင်း ရှောင်းကျန့်ကို ဆွဲချနေတော့ ဒီလူကြီးလည်း သူ့ပြောသလို လိုက်နာရုံပဲ ရှိသည်။

YOU ARE READING
SUGAR BABY (ZSWW) (ျမန္မာဘာသာျပန္ /မြန်မာဘာသာပြန်) (COMPLETED)
FanfictionFULLY CREDIT TO ORIGINAL AUTHOR - 'JiSheun' FULLY CREDIT TO ENGLISH TRANSLATOR AUTHOR - 'Star-755' (Zawgyi + Unicode) အသက် ၁၈နှစ်အရွယ် ဝမ်ရိပေါ်လေးရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းပါတယ်။ သို့ပေမယ့် ဝမ်ရိပေါ်လေးဟာ မထင်မှတ်ဘဲ ပို၍ကောင်းမွန်သောဝန်းကျင်သို့ ရော...