2.Xiao Zhan (2) (Zawgyi)

1.3K 81 2
                                    

တိတိကျကျပင် ခြောက်နာရီခွဲမှာ ဝမ်ရိပေါ် နိုးလာခဲ့သည်မို့ ပြင်ဆင်ရန် သူ့အတွက် အချိန်ရှိပါသေးသည်။ ဒါကြောင့်လည်း ရေတစ်ပြန်ထပ်ချိုး၍ အနာတရတွေဖုံးဖိထားစေမည့် အဝတ်ရွေးဝတ်လိုက်သည်။ အပေအတေစတိုင်နှင့် သွားရောက်တွေ့ဆုံခြင်းက မသင့်လျော်ဘူးမဟုတ်လား။

ကိုယ်လူချောလေး ပြင်ဆင်ပြီးသည်နှင့် သူ၏ကားအဝါရောင်ကို မောင်းနှင်၍ထွက်သွားသည်။ ရိပေါ်စီးနင်းလာသော ကားအဝါရောင်ဟာ နာမည်ကြီးပြင်သစ်စားသောက်ဆိုင်ရှေ့တွင် ထိုးရပ်သွားသည်။ ကျင်းရီ ပို့ပေးသော လိပ်စာမှန်ရဲ့လား စစ်ကြည့်ရသေးသည်။ ထို့နောက် အဆောတလျင် ကားပေါ်မှဆင်း၍ စားသောက်ဆိုင်ထဲသို့ ဝင်ရောက်သွားသည်။

အထက်တန်းဆန်ဆန်လေထုက စားသောက်ဆိုင်အဝင်ဝမှာကတည်းက ရရှိလို့နေပြီ။ ဝမ်ရိပေါ်သည် အဖြူရောင် tee ပေါ်မှ အနီရောင် ရှပ် အင်္ကျီထပ်၍ ဝတ်ထားပြီး ညာဘက်နားမှာ နားကပ်ဝတ်ထားသည်။ လည်ပင်း ပတ်ပတ်လည်က ကြမ်းကြုတ်ခက်ထန်သော တက်တူးမှာမူ ပြောစရာပင်မလို။

ရိပေါ် အခန်းရှာရန် အချိန်သိပ်ပင် မယူလိုက်ရ၊ suits အနက်ရောင်ဝတ်ဆင်ထားသော အမျိုးသားနှစ်ယောက်နှင့် ထိုင်နေသည့် သူ့သူငယ်ချင်းကို တွေ့ရသည်နှင့် အနားရောက်သွားသည်။

"ငါ နောက်မကျဘူး မဟုတ်လား ?"
ရိပေါ် ကျင်းရီ၏ပုခုံးကိုပုတ်၍ မေးလိုက်သည်။

အမျိုးသားနှစ်ယောက်က ခေါင်းငြိမ့်၍ ထိုင်ဖို့ပြောသည်။

"နားထောင်ဦး ရိပေါ်ရ.. ဒါ မင်းsugar daddyရဲ့လူတွေလေ.. အခုငါတို့က မင်းတို့စာချုပ်အကြောင်း ဆွေးနွေးနေကြတာ"

ကျင်းရီက ရိပေါ်၏dutyနှင့်စပ်လျဉ်းသောအချက်များပါဝင်သော ဖိုင်တစ်ခုကို ယူပေးသည်။

"သည်ဟာက မင်းsugar daddyရဲ့တောင်းဆိုချက်တွေပါမယ်.. ပြီးတော့ စာချုပ်သက်တမ်းက နှစ်လ"

ရိပေါ်က နားထောင်ရင်း ခေါင်းငြိမ့်ပြသည်။

"နောက်ပြီး သည်ထဲမှာ မင်းရဲ့ ကျူရှင်ကြေးနဲ့ လစာနဲ့ပတ်သက်ပြီး ငါ ခုနစ်ခုမေးထားတယ်"

SUGAR BABY (ZSWW) (မြန်မာဘာသာပြန် /မြန်မာဘာသာပြန်) (COMPLETED)Where stories live. Discover now