20. EXTRA CHAPTER : ZSWW (21+) (UNICODE)

1.6K 100 41
                                    

=========== ===========
(extra 1 of 4) (extra 3ပိုင်းကျန်ရှိသေး)
=========== ==========

"Hi"

ဤသို့ဆိုပြီး သူ့ရှေ့မှ ထိုင်ခုံကို ဆွဲယူ၍ ဝင်ထိုင်လာတာကို ရိပေါ် တစ်ချက်မျှကြည့်ကာ မျက်ခုံးတွန့်သွားတယ်။ သူ့ရှေ့က ဝင်ထိုင်လာတဲ့လူ ဘယ်သူလဲဆိုတာ သူ သိသွားတဲ့အခါမှာတော့..
"ကြည့်ရတာတော့ အသက်ရှင်နေသေးတာပဲ ?"

"ခင်ဗျားပါးစပ်က ကျွန်တော့ကို စိတ်ညစ်စေချင်နေတာလား "
အားလင် လက်ပိုက်ပြီး စိတ်တိုတိုနှင့် ပြောရာ ရိပေါ်ကို တခစ်ခစ်ရယ်စေသည်။

"မဟုတ်တာ.. ငါဆိုလိုတာ မင်းအဆင်ပြေရဲ့လားလို့ ?"
ရိပေါ် စိတ်မသက်မသာနှင့် မေးတော့ အားလင်က ခေါင်းရမ်းပြရုံသာ။

ရိုးရိုးသားသားပြောရလျှင် သူ့ကိုယ်သူ ရှောင်းကျန့်ရဲ့သား မဟုတ်ဘူးဆိုတဲ့အချက်ကို လက်ခံဖို့ရာ ခက်ခဲလွန်းတယ်လေ။ ဘယ်လိုဆိုဆို နောက်ဆုံးတော့ အဖေမဟုတ်လျှင်တောင် ညီအစ်ကိုအနေနဲ့ သွေးရင်းသားရင်းဖြစ်နေပါသေးတယ်။ ဒီလိုနဲ့ အတိတ်ကိုမေ့လို့ ပြောင်းလဲမှုကို လက်ခံခဲ့တယ်။ ဒါဆို သူ့အဘိုးမဟုတ်အဖေနဲ့ အတူနေတဲ့ ရီရီကရော..။

နာကျင်မှုက နှစ်တစ်ဝက်တည်းနဲ့ ပျောက်ပြယ်သွားရအောင်ကလည်း အားလင်က နတ်သားမှ မဟုတ်တာ။ သူ စိတ်တိုနေသေးပြီး သူတို့ကို ခွင့်မလွှတ်နိုင်သေးပါဘူး။ ပြောရလျှင် သူက ဒီဒေါသတွေအားလုံးကို ဆွဲမထားချင်ဘူး။ အားလင်က - ဘာနေနေ မျက်စိမှိတ်လက်ခံတတ်တဲ့ ရှောင်းကျန့်မှ မဟုတ်တာ။

"ကျန့်ကိုကြီးက အစည်းအဝေးထိုင်နေတာမို့ ဒီကို ခဏနေမှ ရောက်လိမ့်မယ် "
ရိပေါ် ခေါင်းညိတ်ပြီးတော့ ကိုမာမှ နိုးထလာပြီးနောက် ပိုလို့ပိန်ကပ်သွားတဲ့အားလင်ကို သတိထားမိပြီး အားလင်ကျန်းမာရေးကို အကဲခတ်နေလေတယ်။
"ဒါဆို မင်းက ဘာလို့ ဒီရောက်နေတာလဲ ?"

.ရိပေါ်ကို ရန်သွားမစနဲ့နော် အားလင်
သူက ပါးပါး ချစ်ရတဲ့သူမို်

အားလင် အသက်ပြင်းပြင်းရှူ၍ စိတ်ကိုထိန်းနေရသည်။ သို့ဆိုလျှင် ရှောင်းကျန့် ဤလူအားလမ်းမခွဲမီချစ်စဖွယ်အပြုံးနှင့်ပြောသောစကားကို အားလင် မမှတ်မိပေ။

SUGAR BABY (ZSWW) (ျမန္မာဘာသာျပန္ /မြန်မာဘာသာပြန်) (COMPLETED)Where stories live. Discover now