5. Why (Unicode)

2K 179 5
                                    

ဒီကိစ္စပြီးသွားတဲ့နောက် ရှောင်းကျန့်။ ရိပေါ်ကို ဆက်သွယ်ခြင်းမရှိခဲ့ပေ။ နောက်ပြီး ရိပေါ်သည်လည်းပဲ သူ့ဘက်က အရင်စပြီး ဆက်သွယ်လိုစိတ်မရှိပါ။

အထူးသဖြင့် ရှောင်းကျန့်ရဲ့သား အားလင်ဆီက ကြမ်းတမ်းသည့်စကားများ ကြားရပြီးတဲ့နောက်ပေါ့..။

ရိုးသားစွာနဲ့ ဝန်ခံရလျှင် ဝမ်ရိပေါ် ကြိတ်ပြီးမကျေမနပ် ခံစားခဲ့ရသည်။ ကုန်ကုန်ပြောရမယ်ဆိုရင် သူက f**king gay ကောင်ဆိုတာ ဟုတ်မှမဟုတ်ပဲနဲ့။ သူက မာမီတွေနဲ့ပဲ ကစားလေ့ရှိတဲ့သူ။ ဒယ်ဒီ ဆိုတာမျိုးက ဒါဟာ သူ့အတွက် ပထမဦးဆုံးအကြိမ်။

သေချာပေါက် သူ့ကို စော်ကားနေသလို ဝမ်ရိပေါ် ခံစားခဲ့ရသည်။

"ဘာဖြစ်လို့လဲ ?.. တစ်ခုခု ဖြစ်နေတာလား ?"
အားယွမ် မေးလာတော့ ခေါင်းခါပြမိ၏။

"ဒါပေမယ့် တစ်ပတ်ရှိနေပြီနော်.. မင်း တစ်ပတ်လုံး ဘယ်မှလည်း မသွားဘူး"

အားယွမ် သိလိုစိတ်အပြည့်ဖြင့် ရိပေါ်ကို ကြည့်နေလေသည်။ ရိပေါ်ဟာ ကျောင်းးသွားတာကလွဲပြီး အိမ်အပြင်ဘက် ခြေမလှမ်းတာတော့ အမှန်ပဲ။

ရိပေါ် အားယွမ်ကို စိတ်မပါ့တပါနှင့် ကြည့်ကာ
"ငါ နားနားနေနေ နေချင်လို့ မထွက်တာ ပါ"
စကားဆိုလျက် စီးကရက်ဘူးဆီသို့ လက်ရောက်သွားပါသော်လည်း ရုတ်ခြည်းဆိုသလို လက်တန့်သွားသည်။

'ေဆးလိပ်မသောက်နဲ့.. ကိုယ်မကြိုက်ဘူး'.

ရှောင်းကျန့်ရဲ့အမိန့်ဆန်ဆန်စကားလုံးတို့က ရိပေါ်ရဲ့ခေါင်းထဲ ခေါင်းလောင်းတစ်လုံးနှယ် မြည်ဟီးနေလေရာ ရိပေါ် သူ့ရဲ့နှလုံးသားဆီမှ နာကျင်မှုကို ကျိန်ဆဲမိသည်။ ဆေးလိပ်သောက်မယ်ကြံပြီးမှ လက်ရုတ်သွားသော ရိပေါ်ကို အားယွမ် အထူးတဆန်းဖြစ်မိသည်။

"ဘာလို့ မသောက်တော့တာလဲ ?"
အားယွမ် စိတ်ရှုပ်ထွေးမှုနှင့် မေးရာ..။

"ဘာလဲ.. မသောက်တော့ရော ဘာဖြစ်လဲ ?"
မေးခွန်းပြန်ထုတ်နေသည့် ရိပေါ်ရယ်လေ။

"ဘာမှမဖြစ်ဘူး .. ဒါပေမယ့် အခုရက်ပိုင်းမှာ မင်း ပြောင်းလဲသွားတယ်နော်"

SUGAR BABY (ZSWW) (ျမန္မာဘာသာျပန္ /မြန်မာဘာသာပြန်) (COMPLETED)Where stories live. Discover now