..
-----------------------------------------------------------------------
ရိပေါ်ရဲ့ အမေက ဆိုးရွားတယ်လို့ မင်းတို့ ထင်လျှင် ရှောင်းကျန့်ရဲ့ အဖေက ပိုပြီးတော့ ဆိုးရွားတယ်ဟု ဆိုရမည်။
-----------------------------------------------------------------------
ရှောင်းကျန့်တစ်ယောက် ရှောင်းစံအိမ်တော်ကြီးသို့ ဝင်ရောက်၍ လာခဲ့သည်။ အိမ်ထဲ ရောက်သည်နှင့် အိမ်စေများက ဦးညွတ်၍ ကြိုဆိုသော်လည်း ရှောင်းကျန့် သိပ်အာရုံစိုက်မနေပါ။
သူ့စိတ်ထဲမှာ ရှိနေသမျှက ရိပေါ်လေးရဲ့ ကျိုးလွယ် ပဲ့လွယ် ဝမ်းနည်းလွယ်တဲ့ ပုံရိပ်လေးရယ်၊ သူက ဘယ်လိုလုပ်ပြီးတော့များ ကံမကောင်းစွာနဲ့ ရိပေါ်လေးကို ပိုဝမ်းနည်းစေတဲ့အထဲ ပါဝင်လာရတာလဲ ဆိုတာရယ်ပင်။
"ဘာဖြစ်လာတာလဲ ရှောင်ကျန့် ? "
ရှောင်းသခင်ကြီးက သူ့သားကို စူးစိုက်စွာ စိုက်ကြည့်၍ မေးလေသည်။"ဘာမှမဖြစ်ပါဘူး ပါး "
နားနေခန်းကို ဖြတ်သွားနေသည့် ရှောင်းကျန့်က ဖြေလိုက်လေသည်။ သူ့မိဘတွေ တရုတ်ကို ပြန်လာလိမ့်မယ်လို့ သူ မထင်ထားခဲ့မိဘူး။"ရှောင်ကျန့်.. အားလင် ဘယ်မှာလဲ ? "
ရှောင်းကျန့် ရပ်လိုက်ပြီး သူ့မိဘတွေ ရှိရာသို့ လှည့်ကြည့်လိုက်တယ်။
"သူ့သူငယ်ချင်းတွေနဲ့ လျှောက်သွားနေတာ ဖြစ်မှာပါ ""အိမ်ပြန်ခေါ်တော့လေ နောက်ကျနေပြီ "
ရှောင်းကျန့် ခေါင်းညိတ်ပြီး သူ့အခန်းဆီသို့ သွားလေသည်။
"ရှောင်ကျန့် "
ရှောင်းကျန့် ထပ်ရပ်လိုက်ရသည်။ သူ့အဖေ သူ့ကို နှောင့်ယှက်နေတာ တစ်ကြိမ် မကတော့ဘူး။ ရှောင်းကျန့် ပင်ပန်းနေပြီလေ။"ဘာထပ်ဖြစ်ပြန်ပြီလဲ အဖေ ? "
နောက်လှည့်မကြည့်ဘဲ ပြောလိုက်သည်။ရှောင်းသခင်ကြီး သူ့အစီရင်ခံစာအုပ်ကို ပိတ်လိုက်ပြီး သူ့မျိုးဆက် ရှောင်းသခင်လေးကို ကြည့်လိုက်သည်။
YOU ARE READING
SUGAR BABY (ZSWW) (ျမန္မာဘာသာျပန္ /မြန်မာဘာသာပြန်) (COMPLETED)
FanfictionFULLY CREDIT TO ORIGINAL AUTHOR - 'JiSheun' FULLY CREDIT TO ENGLISH TRANSLATOR AUTHOR - 'Star-755' (Zawgyi + Unicode) အသက် ၁၈နှစ်အရွယ် ဝမ်ရိပေါ်လေးရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းပါတယ်။ သို့ပေမယ့် ဝမ်ရိပေါ်လေးဟာ မထင်မှတ်ဘဲ ပို၍ကောင်းမွန်သောဝန်းကျင်သို့ ရော...