ရိပေါ်နိုးလာသည့်အချိန် ပထမဆုံးမြင်ရသည်မှာ အားယွမ်၏တိုက်ခန်းခေါင်မိုးဖြစ်နေသည်။ သူချက်ချင်းထထိုင်လိုက်ရာ ခေါင်းကိုက်နေသလိုခံစားရသောကြောင့် ခေါင်းကိုဖိနှိပ်ထားရသည်။
အာ..shit! ရိပေါ် တော်တော်လေးသောက်မိခဲ့တာကြောင့် သူ့အစာအိမ်မှာ ဆိုးဆိုးရွားရွားခံစားရသည်။
"အသက်တော့ ရှိသေးသားပဲ ?"
ခပ်ရွဲ့ရွဲ့စကားကြောင့် ရိပေါ် သူ့ကိုကြည့်လေရာ"မင်း နောက်တစ်ခါသောက်ချင်ရင် ငါ့တိုက်ခန်းမှာ လာမသောက်နဲ့"
ဆိုဖာပေါ်ထိုင်နေပြီး ရိပေါ်ကို မနှစ်မြို့သလို ကြည့်ရင်း ပြောနေသော အားယွမ်ပါလေ။ရိပေါ်လည်း ပြန်လည်ချေပခြင်းမပြုပါဘဲလျက် ဗလာသက်သက် စိုက်ကြည့်နေလိုက်သည်။
"ရိပေါ်.. မင်းဖုန်းကို မင်းsugar daddy ဖုန်းခေါ်လို့ ငါဖုန်းကိုင်လိုက်သေးတယ်"
ရေချိုးခန်းကို ဦးတည်နေသည့် ရိပေါ်၏ခြေလှမ်းများမှာ အားယွမ်ရဲ့စကား ကြားလိုက်သောအခါ ရပ်တန့်သွားရပြီး တစ်ခုခုပြောလိုပြောငြား အားယွမ်ကို လည်ပြန်လှည့် ကြည့်လိုက်သည်။
"သူပြောသွားတာက မနက်ဖြန် dinner စားချိန် မင်းကို လာခေါ်လှည့်မယ်တဲ့လေ"
ရိပေါ် ခေါင်းဆတ်လျက် ရေချိုးခန်းထဲသွားဖို့ ပြင်ပေမယ့် အားယွမ်၏ မထီမဲ့မြင်မျက်နှာထားကို မြင်လိုက်ရတာကြောင့် တုံ့ဆိုင်းသွားသည်။"နောက်ထပ် ပြောသွားသေးတယ်.. ညစာစားဖို့ မမေ့နဲ့.. good night တဲ့"
အားယွမ်ရဲ့ပျက်ရယ်ပြုနေသည့်အသံနေအသံထားကို ရိပေါ် သတိပြုမိပါသော်လည်း သူနဲ့ တုဖက်ပြီး စကား များရမှာကို ရိပေါ် တော်တော်ပျင်းပါသည်။ ဒါကြောင့် ရှောင်ဖယ်ရန်ပဲ ရွေးချယ်လိုက်သည်။
"Good night ပြောပြီး နှုတ်ဆက်တဲ့သူ ရှိနေသေးတာကို ငါအံ့သြတယ်.. မင်းရဲ့ sugar daddy က ရှေးဟောင်းအယူအဆတွေကို ကြိုက်နှစ်သက်ပြီး ခေတ်နောက်ကျ ကျန်နေတဲ့သူ.. သူက အရင်ခေတ်..
အား... ငါ့ခေါင်း!"
ရိပေါ် သူ့ထိုင်ခုံပေါ်မှာရှိသော ခေါင်းအုံးနှင့် လွှတ်ပေါက်၍သာ တော်ပေရော့သည်။ ရိပေါ် သူ့သူငယ်ချင်းကို 'ဟွန်း'ဟု သရော်သလို ငေါ့သလို အသံပြုလိုက်သည်။ သူ့best friendက ဘာကြောင့် ဒီအကြောင်းတွေပြောပြီး သူ့ကို အနှောင့်အယှက်ပေးနေရတာလဲဆိုတာကို ရိပေါ်လည်း နားမလည်နိုင်တော့ဘူး။

YOU ARE READING
SUGAR BABY (ZSWW) (ျမန္မာဘာသာျပန္ /မြန်မာဘာသာပြန်) (COMPLETED)
FanficFULLY CREDIT TO ORIGINAL AUTHOR - 'JiSheun' FULLY CREDIT TO ENGLISH TRANSLATOR AUTHOR - 'Star-755' (Zawgyi + Unicode) အသက် ၁၈နှစ်အရွယ် ဝမ်ရိပေါ်လေးရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းပါတယ်။ သို့ပေမယ့် ဝမ်ရိပေါ်လေးဟာ မထင်မှတ်ဘဲ ပို၍ကောင်းမွန်သောဝန်းကျင်သို့ ရော...