Part - 2
💞 တွယ်ငြိခဲ့လေသော 💞
💞 💞 💞
ရဲရင့်အော်လိုက်တဲ့အသံကြောင့် ဒေါ်နှင်းဆီတစ်
ယောက် ဆက်ကနဲတုန်သွားရင်း သူ့ရဲ့သား
မြတ်သောမောင်ကို အတင်းဆွဲခေါ်သွားပါတယ် ။
ဖေဖေကတော့ ရဲရင့်ကိုဒေါသကြီးနေတဲ့မျက်ဝန်း
တွေနဲ့စိုက်ကြည့်နေရင်းကနေ ခဏကြာတော့
လက်ညိုးဖြင့်ထိုးက ----" မင်းမရှက်ဘူးလား ရဲရင့် ...ဟင်! !!....လူတကာက အခြောက်လို့အခေါ်ခံရတာ ပျော်စရာလို့ထင်နေလား .... မင်းမှာရှက်တက်တဲ့စိတ် မရှိဘူးလား .... ဒီလောက်တောင် အသိတရားမဲ့ရလားကွာ "
ဖေဖေ့စကားကြားလိုက်တယ်ဆိုရင်ပဲ ရဲရင့် ရီလိုက်
မိပါတယ် ။ စိတ်ထဲကနေတော့ * မေမေရေ ... မေ
မေ့ယောက်ျား ကျွန်တော့်အဖေက အရှက်တရားအကြောင်း လာပြောနေတယ်ဗျို့ .....ဘယ်လောက်
တောင်ရီစရာကောင်းလိုက်သလဲ .... ကမ္ဘာပေါ်မှာ
ရီစရာအကောင်းဆုံးဟာသတွေကို ကြားလိုက်ရသလိုပဲနော် .....မေမေရော ဟားတိုက်ရီနေမလား
သား သိချင်လိုက်တာ * ။" အကို့်သားက အသိတရားမရှိလို့သာ အခုလိုလုပ်
တာပေါ့ ..... အဖေရှာသမျှပိုက်ဆံကို ထိုင်းပြီးဖြုန်း
ချင်ရင်လည်း သိက္ခာရှိရှိဖြုန်းလေ .... ခုဟာက သူမို့ အရှက်မရှိတယ် "ဖေဖေ့စကားဆုံးတယ်ဆိုရင်ပဲ ဝင်ပြောလိုက်တဲ့
ဒေါ်နှင်းဆီရဲ့စကားက ရဲရင့်ကို ပိုပြီးသွေးဆူစေပါ
တယ်။" မေမေရယ်!!! တော်ပါတော့ဗျာ.... အခုကိစ္စကို
လည်း ရဲရင့်တို့သားဖတွေပဲရှင်းပါစေ.... မေမေက
ဝင်မပြောပါနဲ့.... သင့်လည်းမသင့်တော်ပါဘူး .... သား တောင်းပန်ပါတယ် "" ဟဲ့ !!!! ... ဝင်မပြောလို့ရမလား .... တစ်ခုခုဆို နင့်
ယောက်ျားရဲ့သားကဆိုပြီး လာလာပြောကြတာ.... ဘယ်လောက် ရှက်စရာကောင်းလဲ "ဒေါ်နှင်းဆီရဲ့စကားအဆုံးမှာတော့ ရဲရင့်တစ်
ယောက် အကျယ်ကြီးအော်ရီလိုက်မိပါတယ်။" ဒေါ်နှင်းဆီ .... ခင်ဗျားကရှက်တယ် ဟုတ်လား ...
ဟား !!! .... ဟား !!! .... ဟား !!! .... ခင်ဗျားလိုလူက ရှက်ရမှန်းသိတယ်ပေါ့.... ဟား !!!... ဟား !!!.... ဟား !!! ....အရှက်တရားအကြောင်း သိတယ်ပေါ့ ...
ဟား !!!! ဟား !!! ဟား !!!! ရီလိုက်ရတာဗျာ ....
စောက်ဆန်းကြီးတွေ ကြားနေရတယ် "
YOU ARE READING
တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed)