💕 တွယ်ငြိခဲ့လေသော 💕 Part - 6

25.9K 2.8K 98
                                    

Part - 6

💞 တွယ်ငြိခဲ့လေသော 💞

💞 💞 💞

အိပ်ရာကနေနိုးလာတော့ တင်းတင်းကျပ်ကျပ်
ဖြစ်နေတဲ့ခံစားချက်ကြောင့် ကိုယ်ကိုအသာလှုပ်
ကြည့်လိုက်တော့ လှုပ်မရ ။ ညကဧည့်ခန်းထဲမှာ
ငုတ်တုတ်အိပ်ခဲ့တာပါ ။ ပထမ ဆိုဖာပေါ်မှာအိပ်ဖို့
ပြင်ပေမယ့် အိပ်နေမကျတော့ ခါးကနာလာသလို
လို ၊ ကျောတွေထဲကပဲ ပူလာသလိုလိုတွေဖြစ်
လာတာမို့ ခုံပေါ်ခေါင်းတင်ပြီး ငုတ်တုတ်အိပ်
လိုက်တာ ။ ခုဟာအိပ်ရာကနိုးလာတော့ ကုတင်
ပေါ်မှာအိပ်ရသလို သက်တောင့်သက်သာရှိနေ
တယ် ။ အဲကွန်းဖွင့်ထားတဲ့အခန်းထဲမှာ လိုတာ
ထက်ပိုပြီးနွေးထွေးနေတော့သလိုရှိတာကြောင့်
မျက်စိကိုအားယူပြီးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ----

" ဘုရားရေ! !!! .... ငါ ဘယ်လိုကြီးအိပ်နေမိ
တာလဲ "

မောင် တစ်ယောက် အိပ်ခန်းထဲက ကုတင်ပေါ်ကို ဘယ်လိုပြန်ရောက်နေတာတုန်း ။ ရဲရင့်ခေါ်လာပေးတာနေမယ် ။ ကိုယ်ကအိပ်ပျော်နေရင် တော်ရုံနဲ့ မနိုးတက်သူ ။ ကုတင်ပေါ်မှာ ရဲရင့်နဲ့မျက်နှာချင်း
ဆိုင်ဆိုပေမယ့် ကိုယ်မျက်နှာက သူ့ရင်ခွင်ထဲမှာ
မြုပ်နေတာ ။ သူ့လက်မောင်းတစ်ဖက်ကို ကိုယ်က
ခေါင်းအုံးထားပြီး အဲလက်နဲ့ ကိုယ့်ခေါင်းကိုပြန်
ဖက်ထားပေးတယ် ။ သူ့လက်တစ်ဖက်ကတော့
ကိုယ့်ကျောကနေသိုင်းဖက်ထားပြီး ခြေထောက်
တွေကလည်း ဖက်လုံးဖက်သလို ကိုယ့်ကိုသိုင်း
တင်ထားတာ ။

ကိုယ့်ကတော့ သူ့ရင်ခွင်ထဲမှာမြုပ်နေအောင်
အဖက်ခံထားရင်းကနေ ကိုယ့်လက်တစ်ဖက်နဲ့ သူ့ခါးတွေဆီကို ဖက်ထားရက်သား ။

အေးလွန်းတဲ့အခန်းထဲမှာတောင် ချွေးတွေကချက်
ချင်းပျံလာပါတော့တယ် ။ မင်း အိပ်ရာကနေနိုးလို့
မရသေးဘူးနော် ရဲရင့်သွေး ။ အခုချိန်မနိုးလိုက်
နဲ့ဦး ။ ငါရှက်လို့သေသွားနိုင်တယ် ။ ကိုယ့်ခေါင်းနဲ့ခါးကို သိုင်းဖက်ထားတာများ မသိရင်ကလေး
လေးတစ်ယောက်ကို စိတ်ပါလက်ပါပွေ့ဖက်ထားသလိုလို ။ သူ့ခါးမှာရှိနေတဲ့ကိုယ့်လက်ကို ဖယ်
လိုက်ရင်း ခေါင်းကိုဖက်ထားတဲ့သူ့လက်ကိုပါ
တဆက်တည်းအသာလေးဖြေလိုက်ပါတယ် ။
ပြီးတော့ ကျောကိုသိုင်းဖက်ထားတဲ့သူ့လက်ကို
အသက်တောင်မရှုရဲဘဲ အသာလေးမဖယ်လိုက်ပြီး သူ့လက်တွေကနေလွတ်သွားတာနဲ့ ထထိုင်လိုက်
ရင်း ကိုယ့်ခြေထောက်တွေပေါ်ခွထားတဲ့ သူခြေ
ထောက်တွေကို မနည်းကိုမရွေ့လိုက်ရပါတယ် ။
အသက်ကသာ ဆယ့်ရှစ်နှစ် ။ လူကောင်က
ကိုယ့်နှစ်ဆလောက်ရှိတယ် ။ သူလက်တွေ
ခြေထောက်တွေကနေလွတ်သွားတာနဲ့ အသက်
ကို ခပ်ပြင်းပြင်းရှုလိုက်ရင်း ရေချိုးခန်းဆီ ဝုန်းဒိုင်း
ကြဲပြေးဝင်မိပါတော့တယ် ။ မောင် မသိလိုက်တာတစ်ခုက အိပ်နေတဲ့ကိုယ်တော်က စပ်ဖြီးဖြီး
မျက်နှာပေးနဲ့ဆိုတာကိုပါ ။

တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed) Where stories live. Discover now