Part - 13
💞 တွယ်ငြိခဲ့လေသော 💞
ရဲရင့်တစ်ယောက် ကွန်ဒို မှာပဲ စာသင်လိုက် ၊ စာ
ကျက်လိုက်နဲ့ တစ်နေ့တစ်နေ့ အချိန်တွေကုန်ဆုံးလာလိုက်တာ အခုဆို ကိုကို့ ဆီရောက်နေတာ
ခြောက်လကျော်လောက်တောင်ရှိရောပေါ့ ။
ဘာလိုလိုနဲ့ စာမေးပွဲတွေတောင်ဖြေရတော့မယ် ။ ဒီကြားထဲ သူငယ်ချင်းမြတ်သူတို့အဖွဲ့နဲ့တောင်
လူချင်းမတွေ့ဖြစ်ကျဘူး ။ ရဲရင့်က စာမေးပွဲပြန်ဖြေ
မယ်ဆိုထဲက သူတို့လည်းစာမေးပွဲပြန်ဖြေဖို့
ကျောင်းတွေပြန်တက်နေကျတာ။ တစ်ဖွဲ့လုံးက
ဥာဏ်တွေကောင်းရဲ့သားနဲ့ သက်သက်ကို
ပေတေနေကျတာမို့ စာမေးပွဲပြန်ဖြေမယ်ဆိုတော့ သူတို့မိဘတွေလည်း ပျော်ကြပေါ့ ။ဒီနေ့တော့ တစ်ကိုယ်ရေအသုံးအဆောင်လေးတွေ
ဝယ်စရာရှိတာနဲ့ ဈေးထွက်ဝယ်ရင်း မြတ်သူတို့နဲ့
လည်း တွေ့ရအောင်ချိန်းလိုက်ပြီး လူစုံတော့ ထုံးစံအတိုင်း သောက်ကြစားကြ ။ ရဲရင့်ကတော့
အိမ်ပြန်သွားရင် ကိုယ့်အဖိုးကြီးလေးရဲ့ ဆူညံပူညံ
တွေမကြားနိုင်လို့ နည်းနည်းပဲသောက်ဖြစ်တယ် ။ အခုထိ ကိုယ်ဘယ်မှာနေမှန်းမသိတဲ့ကောင်တွေက
လိပ်စာအတင်းမေးနေပေမယ့် ပြောလို့အဖြစ်ဘူး
လေ ။ ဒီကောင်တွေလာရှုပ်ရင် ကိုယ့်ရဲ့နှစ်
ယောက်ထဲကမ္ဘာလေးပျက်စီးရချေရဲ့ ။ပြောမယ့်သာပြောရတာပါ ။ ကိုကိုနဲ့က နောက်ဆုံးတစ်ခါပြဿနာဖြစ်ပြီး ကိုယ့်ကသူ့ကို ချစ်နေပါ
တယ်လို့ဝန်ခံထားပေမယ့် မြတ်သောမောင်လေးက
အခုထိကို မသိချင်ယောင်ဆောင်နေတုန်း ။
နောက်ပြီး ရဲရင့်က ကိုယ်ကို့ကိုယ် ဒေါသကြီးတယ်လို့ ထင်နေမိတာ ။ မြတ်သောမောင်က ကိုယ်
ထက်ပိုပြီး ဒေါသကြီးနေသေး ။ ညဘက်အိပ်ခါနီး.လေး ဖက်အိပ်ဖို့တောင် တောင်းတောင်းပန်ပန် ။ အခြားသူတွေကိုချေခဲ့သမျှ မြတ်သောမောင်နဲ့ကျမှ လှလှပပဝဋ်လည်နေတာလေ ။ လှပသော ဝဋ်ပဲဆိုပါတော့ ။" ရဲရင့် .... မင်းစာမေးပြွဲပန်ဖြေတာ လူတစ်ယောက်
ကပြန်ဖြေခိုင်းလို့လား "မြတ်သူရဲ့မေးလိုက်တဲ့စကားအဆုံးမှာ ရဲရင့်က
ကျေကျေနပ်နပ်ကြီးပြုံးလိုက်ကာ -----
YOU ARE READING
တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed)