Part - 7
💞 တွယ်ငြိခဲ့လေသော 💞
💞 💞 💞
နာရီနှိုးစက်သံကြောင့်နိုးသွားတဲ့အချိန် မျက်လုံးမဖွင့်နိုင်သေးပေမယ့် အကျင့်ပါနေတဲ့လက်တွေက တစ်စုံတစ်ယောက်ကိုလိုက်စမ်းနေမိပါတယ် ။ အနားမှာဘယ်သူမှမရှိဘူးဆိုတာသေချာတော့ အိပ်နေရာကနေထထိုင်လိုက်ရင်း အခန်းထဲဟိုဟိုဒီဒီလိုက်ကြည့်ပေမယ့်လည်း မတွေ့ ။ ရေချိုးခန်း ထဲလည်းမရှိ ။ နာရီကြည့်လိုက်တော့ ရှစ်နာရီပဲရှိသေးတာ ။ စောစောစီးစီး ဘယ်ကိုသွားနေတာလဲ ကိုကိုရာ ။ မနက်အိပ်ရာနိုးတိုင်း ကိုယ့်ရင်ခွင်ထဲမှာရှိနေကျလူကို အခုရှာမတွေ့တော့ ဘာကိုအလိုမကျမှန်းမသိ ။ ကိုယ်တော့ ရည်ရွယ်ထားတာတခြား ။ ဖြစ်လာတာတခြား ။ စိတ်တွေက ရက်ပိုင်းလေးနဲ့ကို အကျင့်ပျက်နေပြီထင်ပါရဲ့ ။ ရဲရင့်သွေးရေ မင်းဒီလောက်စိတ်ပျော့မှန်းအခုမှသိတယ်လို့ ကိုယ်ဘာသာပြောနေမိတဲ့အထိ ။
ဒီနေ့ ရဲရင့် စာစသင်ရမယ့်နေ့မို့ ဆရာတွေက မနက်ကိုးနာရီလာမယ်ဆိုတာနဲ့ ရေချိုး ၊ ပြီးတာနဲ့တစ်ခုခုစားဖို့ မီးဖိုးခန်းထဲဝင်လာလိုက်တဲ့အချိန်မှာတော့ စားပွဲပေါ်မှာ အုပ်ဆောင်းသေးသေးလေးတွေနဲ့အုပ်ထားတာအစီအရီ ။ ဘာတွေပါလိမ့်ဆိုပြီး အနားသွားကြည့်လိုက်တော့ အုပ်ဆောင်းလေးတစ်ခုပေါ်မှာ စာရွက်လေးတစ်ရွက်က ကပ်ရက်သား ။ ယူကြည့်လိုက်တော့ ညီညာဝိုင်းစက်နေတဲ့ လက်ရေးသေးသေးလေးတွေနဲ့စာတချို့ -------
📝 ဒီနေ့ ဧည့်သည်တွေနဲ့တွေ့စရာရှိလို့ အလုပ်ကိုစောစောသွားပြီ ။ ဆိုင်ကမနက်စာတွေပဲအမြဲစားနေရတော့ ငြီးငွေ့မှာစိုးတာနဲ့ မနက်စာပြင်ပေးခဲ့တယ် ။
နေ့လည်စာကို အောက်ကဆိုင်မှာ မှာထားပေးခဲ့လို့
စားခါနီးလာပို့ပေးလိမ့်မယ်နော် ။ စာထဲကိုအာရုံစိုက်ပါ ။ ညနေစောစောပြန်လာဖြစ်ရင် စားချင်တာလိုက်ဝယ်ကျွေးမယ် ။ 📝အော် !!!! လက်စသက်တော့ အဖိုးကြီးပေါက်စက
ကိုယ် စာကောင်းကောင်းမသင်မှာစိုးလို့ အစားအသောက်တွေနဲ့ ဖားနေရှာတာ ။ အဟတ် !!!! အကွက်တွေက ကလေးအထာနဲ့ ။ မြတ်သောမောင်
တို့ကတော့ လူကသာကလေးလိုဖြစ်နေတာမဟုတ်ဘူး ။ စိတ်ကလည်းကလေးသာသာရယ် ။
ကိုယ့်ကိုသူ့လိုများ အစားလောက်ပဲ စိတ်ဝင်စားတဲ့သူမှတ်နေတာထင်တယ် ။ အတွေးနဲ့အတူတူ အုပ်ဆောင်းလေးတွေကိုလိုက်ဖွင့်ကြည့်လိုက်တော့ အပူခံဂျိုင့်လေးထဲမှာထည့်ထားတဲ့ထမင်းကြော်က သူကြော်နေကျပုံစံအတိုင်း အရွက်တွေ ၊ အသားတွေ ၊ ကြက်အူချောင်း ၊ ဝက်အူချောင်းအစုံနဲ့ကြော်ပေးထားတာ စားချင်စဖွယ် ။ နောက်ပြီးအပူခံမက်ခွက်နဲ့ ကော်ဖီတစ်ခွက် ၊ ကြက်ဥကြော် ၊သခွားသီးလေးကိုပါးပါးလှီးပြီး သံပရာရည်စမ်းပေးထားတဲ့ အချဉ် ။ ကြည့်ရင်းနဲ့ ဗိုက်ထဲက အသံတွေတောင်အစုံမြည့်လာတာမို့ အားရပါးရစားလိုက်မိပါတယ် ။
YOU ARE READING
တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed)