Part - 4
💞 တွယ်ငြိခဲ့လေသော 💞
💞 💞 💞
ထမင်းစားပွဲမှာ လူစုံနေတုန်း မောင်ပြောလိုက်တဲ့
စကားကြောင့် မေမေက မောင့်ကို မီးဝင်းဝင်း
တောက်နေတဲ့မျက်ဝန်းတွေနဲ့ ကြည့်လာပါတယ် ။ အန်ကယ့် အရှေ့မှာမို့ ဘာမှဝင်မဟန့်ပေမယ့်
တော်တော်ကို ဒေါသထွက်နေလောက်ပြီ ။
အန်ကယ်ကတော့ ခဏငြိမ်သက်သွားပြီးကာမှ -----" သားက အန်ကယ်နဲ့သားမေမေဆီမှာ ခွင့်တောင်း
နေတာလား .... ဒါမှမဟုတ် လုပ်မယ်လို့ဆုံးဖြတ်ပြီးလို့ အသိပေးနေတာလား "" အမှန်တော့ .... ကျွန်တော် ဆုံးဖြတ်ပြီးသွားပါပြီ "
" ဆုံးဖြတ်ပြီးသွားလည်း မေမေတော့ ခွင့်မပြုနိုင်ဘူး
.... အိမ်အကျယ်ကြီးရှိနေတဲ့ဟာကို အခြားနေရာမှာ
ပြောင်းနေချင်တယ်ဆိုပြီး ဘာတွေအရူးထနေရ
ပြန်တာလဲ .... အိမ်ခွဲနေတယ်ဆိုတာ စားရေး
သောက်ရေးကအစ လွယ်တယ်မှတ်နေလား "" ကျွန်တော်က ကလေးမှမဟုတ်တာ မေမေ
ရယ်"" ကလေးမဟုတ်လို့ ခုလိုတွေပြောနေရတာပေါ့ ....
ကလေးသာဆို ရိုက်ပြီးပြောလိုက်ရင်ရပြီ "" ဒါပေမယ့် မေမေ --- "
" ဒါပေမယ့် မနေနဲ့ .... တော်တော့! !!! "
မေမေ့ရဲ့ အမိန့်သံဆန်တဲ့စကားအဆုံးမှာတော့ ----
" နေပါဦး နှင်းဆီရယ် ..... လူငယ်တွေဆိုတာက
ကိုယ်တို့တွေနဲ့အတွေးက တူတာမဟုတ်ဘူး ....
သူတို့စိတ်ထဲ ဘာရှိသလဲဆိုတာ ကိုယ်တို့က
သိအောင်လုပ်သင့်တယ်လေ .... သားကလည်း ကလေးမှ မဟုတ်တော့တာ .... အခြားနိုင်ငံတွေမှာဆို အရွယ်ရောက်နေတဲ့ကလေးတွေက သူတို့ဘဝ
သူတို့ဖန်တီးနေကြပြီ .... မိဘနဲ့အတူတူမနေတိုင်းသာ သူတို့အဆင်မပြေဖြစ်ရမယ်ဆို အဲကလေးတွေ ဘယ်လိုလုပ်မလဲ "ကိုယ့်ဘက်ကနေလိုက်ပြောပေးနေတဲ့ အန်ကယ့်ကိုကြည့်ရင်း အန်ကယ်သာ ရဲရင့်ကို အခုလိုတွေနားလည်ပေးနိုင်ရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့
အတွေးဝင်လာပါတယ် ။" အို! !!! နှင်းဆီကတော့ သားကို မျက်စိအောက်မှာပဲထားမယ် ..... အခြားနေရာမှာထားဖို့ စိတ်ကိုမချဘူး "
YOU ARE READING
တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed)