Part - 8
💞 တွယ်ငြိခဲ့လေသော💞
💞 💞 💞
ညကပြဿနာဖြစ်ပြီး နောက်ကျမှအိပ်ရပေမယ့် မနက်အစောကြီးနိုးနေတာမို့ ကိုယ့်ရင်ခွင်ထဲမှာ ကလေးတစ်ယောက်လိုအိပ်ပျော်နေတဲ့သူကိုငေးကြည့်နေမိတယ် ။ ဘယ်လောက်တောင်အပြစ်ကင်းတဲ့မျက်နှာလေးလဲ ။ ဒီလိုအေးအေးချမ်းချမ်းနဲ့လူတစ်ယောက်က ဘာလို့များ ဥစ္စာပစ္စည်းတွေအပေါ် မက်မောလွန်းနေတာလဲ ။ ဘာလို့များရာထူးအာဏာတွေအတွက်ရှင်သန်နေရတာလဲ ။ ဒါမှမဟုတ် မိခင်ဖြစ်
သူရဲ့ ချယ်လှယ်မှုတွေကနေ ရုန်းမထွက်နိုင်တာလား ။ ဒီလိုအခြေအနေမျိုးနဲ့မဟုတ်ဘဲ ကောင်းသောတွေ့ဆုံမှုတွေနဲ့အစပြုပြီးတွေ့ခဲ့ကြရင်း ဘယ်လောက်တောင်ကောင်းလိုက်မလဲကိုကိုရယ် ။အိမ်မှာအတူနေခဲ့တဲ့သုံးနှစ်လောက်မှာ ကိုကိုစကားမာမာပြောတာ တစ်ခါမှမကြားဖူး ။ နေတာထိုင်တာကအစ တစ်ကယ်ကို ညင်ညင်သာသာရှိလွန်းသူ ။ ကိုယ်နဲ့အတူတူနေတဲ့ဒီရက်ပိုင်းမှသာ သူဒေါသထွက်ပြီး လေသံကျယ်ကျယ်ပြောတာကြားဖူးတော့တယ် ။ နောက်ထပ်သိလိုက်ရတာက လူကောင်သေးသလောက် လက်သီးက အားပြင်းတယ်ဆိုတာပဲ ။
ညအိပ်ရင်လည်း ဘယ်တော့မှ လှုပ်လှုပ်ရှားရှားမရှိ ။ အအိပ်ငြိမ်လွန်းတာမှ သစ်တုံးလေးချထားသလားတောင်ထင်ရတာ ။ စအိပ်ထဲက ကိုယ့်ရင်ခွင်ထဲဆွဲသွင်းပြီးဖက်ထားတဲ့အခါ အဲဒီအတိုင်းလေး
ငြိမ်ပြီးအိပ်တာမိုးလင်းတဲ့အထိ ။ တွေးနေတုန်းမှာပဲ ရင်ခွင်ထဲကသစ်တုံးလေးက လူးလွန့်လာတာမို့ မျက်လုံးအသာမှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်ပါတယ် ။ခဏကြာတော့ သူ့ကိုဖက်ထားတဲ့ ကိုယ်လက်တွေကိုဖြေးဖြေးချင်းဖယ်ချလိုက်ရင်း ကိုယ့်လက်တွေကနေလွတ်သွားတော့ အိပ်နေရာကနေထထိုင်လိုက်တာမို့ ------
" အမေ့! !!!!! "
" ဟား!!!! ဟား!!!! ဟား!!!! လန့်သွားသလား မောင်
လူအေး "နောက်ကျောကနေသိုင်းဖက်ရင်း အိပ်ရာပေါ်ဆွဲလှဲချတာခံလိုက်ရတာမို့ လန့်သွားပုံပဲ ။
" အစောကြီးရှိသေးတယ် ..... ဘယ်ထပြေးဖို့်လဲ "
" ရုံးမသွားခင် မနက်စာပြင်ပေးခဲ့မလို့လေ "
YOU ARE READING
တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed)