💕 တွယ်ငြိခဲ့လေသော 💕 Part - 5

26.3K 2.8K 64
                                    

Part - 5

💞 တွယ်ငြိခဲ့လေသော 💞

💞 💞 💞

ထမင်းစားခန်းထဲ မီးရောင်လင်းသွားတဲ့အချိန် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် မောင်တစ်ယောက်
လန့်သွားပါတယ် ။ ထမင်းစားပွဲမှာထိုင်နေတဲ့ ရဲရင့် ။
အိမ်ပြန်သွားပြီထင်ပေမယ့် ခုချိန်ထိ ထမင်းစားခန်းထဲထိုင်နေတုန်း ။ မနက်ထဲက ဒီအတိုင်းထိုင်နေတာလား ။

" ရဲရင့် .... မင်းအခုထိ မပြန်သေးတာလား "

" ကျွန်တော် တောင်းပန်ချင်လို့စောင့်နေတာပါ "

ထူးထူးဆန်းဆန်း ရဲရင့် ဆီကနေ တောင်းပန်ချင်လို့ဆိုတဲ့စကားကြားလိုက်ရတာမို့ -----

" တောင်းပန်မယ်!!! ဟုတ်လား "

" မနက်က ကျွန်တော်လွန်သွားတယ်ထင်လို့ပါ "

" ရပါတယ် ..... မတောင်းပန်နဲ့တော့ .... မင်းကို
ဒီအထိခေါ်လာမိတာငါလေ .... ငါခေါ်လာမိလို့
ငါအစော်ကားခံရတာ ..... ငါ့အမှားပဲ "

" ကိုကို က ကျွန်တော်ဘယ်လိုတောင်းပန်မှ ခွင့်
လွှတ်မှာလဲ "

ရဲရင့်ရဲ့ ပြောင်းလဲခေါ်လိုက်တဲ့ ကိုကိုဆိုတဲ့စကား
ကြောင့် မောင်က မျက်ခုံးကိုပင့်လိုက်ရင်း ----

" မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ ရဲရင့် "

" ကိုကို လို့ ခေါ်လိုက်တာ ..... ကျွန်တော့်ထက်
ခုနှစ်နှစ်တောင်ကြီးတဲ့သူမို့ ခေါ်တာ... မရဘူးလား "

" မရဘူး ..... ခေါ်နေကျအတိုင်း မြတ်သောမောင်လို့ပဲခေါ်ပါ .... ငါ့ကို ရိုသေပြမနေနဲ့ .... နေရတာအဆင်မပြေဘူး .... ပြီးတော့ ငါနဲ့မင်း ထပ်ပတ်သက်စရာ ဘာအကြောင်းမှမရှိတော့ဘူး "

" ကိုကိုက ကျွန်တော့်ကို တကယ်ခွင့်မလွှတ်ဘူး
ပေါ့ ....မှားမှန်းသိလို့ တောင်းပန်တာကိုတောင်
လက်မခံချင်ဘူးဆိုတော့လည်း.... ရတယ်လေ .... ကျွန်တော်က ခွင့်လွှတ်ဖို့်မတန်တဲ့အကောင်ဆိုတော့ ကိုယ့်ဘာသာ အပြစ်ပေးရတာပေါ့ "

ပြောပြီးတာနဲ့ ရဲရင့်က ထိုင်ရာကနေထသွားလိုက်ပြီး
နံရံကို လက်သီးနဲ့ အားကုန်ထိုးချလိုက်ပါတယ် ။
ဘယ်လိုမှကိုမထင်ထားတဲ့ကိစ္စမို့ မောင် တစ်
ယောက် ကြောင်ပြီးငေးကြည့်နေမိတုန်း ... တစ်
ချက် .... နှစ်ချက် .... သုံးချက်မြောက်မှာတော့ -----

တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed) Where stories live. Discover now