Extra - 7 ( Final )
💞 တွယ်ငြိခဲ့လေသော 💞
💞 💞 💞 💞
ခရီးသည်တွေ အစီအရီထွက်လာတဲ့အထဲက
ဦးမြတ်မင်းကတော့ မြေးနှစ်ယောက်ရဲ့ လက်ကို
တစ်ဖက်ဆီဆွဲကာ တစ်နေရာထဲကိုပဲ စိတ်လှုပ်ရှားစွာကြည့်နေမိပါတယ် ။ အသက်ကြီးလာလို့
သံယောဇဉ်တွေဖြတ်မယ်ကြံကာမှ တိုးလာလိုက်တဲ့
ကြိုးတွေ ။ တည်ဆောက်ခဲ့တဲ့ အိမ်ထောင်ရေး
တစ်ခုမှ အိမ်ထောင်ဖက်အပေါ် သစ္စာမဲ့ခဲ့မိတာ
ရယ် ၊ သားလေးအပေါ် ဂရုမစိုက်မိခဲ့တာတွေရယ် ၊ အရာအားလုံးဟာ ကိုယ့်အပြစ်တွေချည်းပဲမို့
နောက်ပိုင်း ဘဝတစ်လျှောက်လုံး ကိုယ့်အပြစ်တွေကိုယ်ပြန်နောင်တရမိရင်း ဘုရားတရားနဲ့နေတော့
မယ်တွေးမိပေမယ့် တရားစခန်းကနေ အိမ်ပြန်
ရောက်လာရင် တီတီတာတာပြောတက်တဲ့
မြေးတွေကြောင့် ဒီအဖိုးကြီး အရည်တွေပျော်ရမြဲ ။
ဒီသံယောဇဉ်တွေကကျတော့ စိတ်ပုတီးလည်း
မကယ်နိုင်တဲ့ဘဝ ။ဘာပဲပြောပြော ရဲရင့် နဲ့ မြတ်သောရဲ့ အိမ်ထောင်
ရေးကို အရင်ကစိုးရိမ်ပေမယ့် အခုတော့ စိတ်အေး
နေရပါပြီ ။ စိုးရိမ်တာကလည်း ရဲရင့်ကိုပဲ စိုးရိမ်မိတာပါ ။ စိတ်မြန်လက်မြန် အဲဒီကောင်က
နောင်တစ်ချိန် သူ့အိမ်ထောင်ရေးကို စိတ်ပြောင်းသွားမလား တွေးနေမိပေမယ့် အခုတော့ သူက
ပိုပြီး သဲသဲလှုပ်နေတာ ကိုယ့်မျက်မြင်ကိုယ်တွေ့ ။" ဖိုးဖိုး! !!!! ဟိုမှာ Daddy နဲ့ ပါးပါး "
" ပါးပါးရေ! !!!! Di တို့ ဒီမှာ "
" Daddy ရေ ..... Ki တို့ ဒီမှာစောင့်နေတာ "
ဦးမြတ်မင်းတစ်ယောက် အတွေးလွန်နေရာက
နေ မြေးတွေအသံကြောင့် သတိပြန်ဝင်လာပြီး
ကြည့်လိုက်မိတော့ ကိုယ်တွေဆီလျှောက်လာတဲ့
ရဲရင့် နဲ့ မြတ်သော ။ ရဲရင့် တွန်းလာတဲ့တွန်းလှည်းလေးထဲမှာ ဝဝကစ်ကစ်ကလေးငယ်လေးက
တခစ်ခစ်ရီမောလို့ ။ Nini မည်သော ငါးလအရွယ် နောက်ထပ် သံယောဇဉ်ကြိုးတစ်ချောင်းပါလား ။" ပါးပါးရေ! !!! "
Ki နဲ့ Di ကတော့ အဖိုးလက်ကိုဖြုတ်ပြီး အဖေတွေ
ဆီအပြေးသွားနေပါပြီ ။ မောင် နဲ့ ရဲရင့်က Ki နဲ့ Di
ကို ဆီးကြိုပွေ့ချီလိုက်ရင်း ပါးလေးတွေကို ဘယ်ပြန်
ညာပြန်နမ်းလိုက်ပါတယ် ။ အဖေတွေအတွက်တော့
တကယ့်ရွှေရင်အေးလေးတွေမို့လား ။
YOU ARE READING
တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed)