💞 တွယ်ငြိခဲ့လေသော 💞 Extra Part - 4

18.1K 1.7K 49
                                    

Extra - 4

💞 တွယ်ငြိခဲ့လေသော 💞

💞 💞 💞 💞

" ဒီတစ်ပတ် တနင်္ဂနွေနေ့ မ, ကအိမ်လာလည်
မလို့တဲ့ ....... အိမ်မှာ ထမင်းကျွေးကြရအောင် "

သား နဲ့ သမီးကို သိပ်နေတုန်း ရဲရင့် ပြောလိုက်တဲ့စကားကို မောင်, က ဘာမှမတုန့်ပြန်ပဲ မသိသလို
နေလိုက်ပေမယ့် ရဲရင့် က စကားပြောတာ
ရပ်မသွားပါဘူး ။ အရမ်းကို ပြောချင်နေတဲ့ပုံ -----

" အမှန်တော့ စနေနေ့ခေါ်မလို့ပဲ .... အဲနေ့က မ,
တို့အိမ်မှာ အလှူရှိနေတယ် .... မနက်ဖက်ဆိုတော့
ကိုကို မလိုက်ချင်မလိုက်နဲ့လေ "

အရင်လို လိုက်ခဲ့ပါလားဆိုတာတောင် မဟုတ်တော့ပဲ မလိုက်စေချင်တဲ့သဘောမျိုး ကြိုပြောထားတာမို့
မောင်, ရဲရင့်ကိုပဲငေးကြည့်နေမိပါတော့တယ် ။
ရဲရင့်တစ်ယောက် တကယ်ပဲ ပြောင်းလဲလာနေပြီကိုး ။

" ကိုကို , ဘာတွေငေးနေတာလဲ ..... ကျွန်တော်
ပြောတာကိုကြားရောကြားရဲ့လား "

" အင်း! !!! ကြားပါတယ် "

" စနေနေ့ အလှူက မနက်အစောကြီးမို့ ကိုကို
အိပ်ရေးပျက်မှာစိုးရင် မလိုက်ခဲ့နဲ့လို့ပြောတာပါ "

အရင်လို လိုက်ခဲ့ပါလို့ခေါ်ရင်တောင် မောင်, လိုက်ဖို့
မသေချာပေမယ့် အခုလို လိုက်မှာစိုးလို့ကြိုပိတ်နေတဲ့အခါကျတော့ မောင်, မရရအောင် လိုက်ချင်လာ
ပြီး ------

" ရတယ် ..... ကိုယ် လိုက်ခဲ့ပါ့မယ် "

ရဲရင့် ကတော့ ကိုကို့ စကားကြောင့် တဖက်ကိုအသာလှည့်ပြီးပြုံးလိုက်မိပါတယ် ။ အခုတော့ ဘာတက်နိုင်သေးလဲ မောင်ရေခဲ ။ ဘယ်သွားသွား လိုက်ခဲ့ပါဆိုရင် မလိုက်ဘူး မလိုက်ဘူးနဲ့ အခုတော့
ဘယ့်နှယ့်ရှိစ ။ နောက်ဆို ဘယ်သွားသွား ဒီနည်း
နဲ့ပဲခေါ်မယ် ။ အခုတော့ ကိုယ်ရီချင်နေတာ သူသိ
လို့မဖြစ်သေး ။

" Okay !!!! လိုက်မယ်ဆိုရင်လည်း မနက်ကျရင်
စောစောသွားကြရအောင် "

ပြောပြီးတာနဲ့ အခန်းအပြင်ကိုထွက်သွားတဲ့ ရဲရင့်ကို
ကြည့်ရင်း မောင်, သက်ပြင်းချလိုက်ကာ ကုတင်
စောင်းမှာ အသာဝင်ထိုင်လိုက်ပါတယ် ။ ဟိုးအရင်
အချိန်တွေကိုပြန်တွေးကြည့်ရင် ကိုယ် နဲ့ ပတ်သက်
ပြီး သူ့ခမျာ လူပင်ပန်း စိတ်ပင်ပန်းခဲ့ရတဲ့
အချိန်တွေများခဲ့ပြီကိုး ။ ရဲရင့်အသက်အရွယ် ရဲရင့် အလုပ်အကိုင် ရာထူးအဆင့်အတန်း နဲ့ သူ့ရဲ့
ကြွယ်ဝမှုတွေကြောင့် ကိုယ်နဲ့အိမ်ထောင်ကျပြီးတာတောင် သူ့ကိုလိုချင်လို့ ချဉ်ကပ်လာသူတွေကအများအပြား ။ ဒါပေမယ့်လည်း ရဲရင့်က
လုံးဝကိုဂရုမစိုက်ခဲ့တာ ကိုယ့်မျက်မြင်ကိုယ်တွေ့ ။
ဒါကြောင့်လည်း သား နဲ့ သမီး ရလာတဲ့အချိန်မှာ သူ့ကိုပိုပြီး စိတ်ချလက်ချထားခဲ့မိတာ ။

တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed) Where stories live. Discover now