Part - 22 🚨
💞 တွယ်ငြိခဲ့လေသော 💞💞 💞 💞
တစ်အိမ်ထဲမှာ စကားမပြောပဲအတူနေခဲ့တာ
သုံးနှစ် ၊ ကွန်ဒို မှာချစ်သူဘဝနဲ့နေခဲ့တာ တစ်နှစ်
ကျော် ၊ အကြောင်းအမျိုးမျိုးကြောင့်ဝေးသွားတဲ့ ငါးနှစ် ၊အခုပြန်တွေ့တာ တစ်နှစ်ပြန်ပြည့်တော့
မယ် ။ ကိုလူအေးလေး မြတ်သောမောင်, ရဲ့
ဘယ်သူမှမသိနိုင်တဲ့အကျင့်လေးဆိုပါတော့ ။
ကိုယ်လည်း မြတ်သောမောင်, အငိုသန်တာကို
ဒီနေ့မှ သေသေချာချာ သိခွင့်ရတော့တယ် ။ မ
နက်က တစ်မနက်လုံးအိပ် ။ နိုးလာတော့ ရေချိုးဖို့
ပြောတာကို မသိချင်ယောင်ဆောင်နေတာ ။ ရဲရင့်လည်း စားဖို့အတွက် ဘာမှသိပ်မချက်တက်တာ
ကြောင့် ထမင်းတစ်အိုးတည်ပြီး အသင့်စားဟင်း
အသားဘူးတွေ ၊ ပဲဘူးတွေကိုပဲ ချက်တက်သလို
လေးချက်ပေးထားတာကိုတော့ သွားစားသေး
တယ် ။ တစ်နေ့ခင်းလုံး ရေမချိုးမိုးမချိုးနဲ့ ကိုယ့်ကို
လည်းအနားအကပ်မခံ ၊ စကားလည်းခံမပြော ။
ရဲရင့် ကိုကို့ ကိုကြည့်ပြီး ရီလည်းရီချင် ၊ ရီလည်းမရီရဲ ။ ကိုယ့်အဖိုးကြီးက သူစိတ်တိုလာရင် တကယ်
ကြီးကို ဗျင်းတာလေ ။ ကိုယ့်ကသာ ဘယ်လောက်
စိတ်တိုစိတ်တို သူ့ကိုဆို မထိရက်မတို့ရက် ။ သူက
ကြ အသေဆော်တာ ။ နောက်ဆုံးတော့ သိမ်းထားတဲ့သူ့ဖုန်းကို ပြန်ထုတ်ပေးလိုက်ပါတယ် ။ မပေးခင် Fb ဖွင့်ပြီး သူ့နဲ့ကိုယ့်သတင်းကို အရင်ပြပြီးမှ သူ့
လက်ထဲဖုန်းကိုထည့်ပေးလိုက်တာ သတင်းတွေကိုတွေ့ပြီး စငိုတော့တာပဲ ။ကလေးတွေလိုအော်
ဟစ်ငိုနေတာလည်းမဟုတ် ၊အသံမထွက်ပဲ တအိအိငိုနေတာ ။ နှစ်ဦးသဘောတူလက်ထပ်ပြီးစီးခြင်း
YOU ARE READING
တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed)