💕 တွယ်ငြိခဲ့လေသော 💕 Part - 27

21.9K 2K 51
                                    

Part - 27

💞 တွယ်ငြိခဲ့လေသော 💞

" ကျွန်တော်တို့ သားသမီးယူတော့မယ် "

ရဲရင့်ပြောသလိုပဲ နည်းပညာအကူအညီနဲ့ သားသမီးယူဖို့ မောင် ,က လက်ခံဆုံးဖြတ်လိုက်ပြီး
အန်ကယ် နဲ့ မေမေ့ကို အသိပေးလိုက်တဲ့အခါ
အန်ကယ်ကတော့ မြေးရတော့မှာမို့ ပျော်သွားတဲ့ အရိပ်ယောင်ပြပေမယ့် မေမေကတော့ မောင်, တို့
ကြိုတင်မျှော်လင့်ထားတဲ့အတိုင်း ခါးခါးသီးသီး ကန့်ကွက်ပါတော့တယ် ။

မေမေ့ အတွက်ကတော့ မောင်, တို့ဘာပြောပြော
ခါးခါးသီးသီးကန့်ကွက်တာက ထုံးစံပဲလေ ။
ဘယ်လိုအကြောင်းအရာကြောင့်ပဲ ပြဿနာဖြစ်ဖြစ်
သူ့ မကျေနပ်ချက်က မောင် နဲ့ ရဲရင့် , ပတ်သက်မှု ။
ပြန်ပြင်လို့မရတော့တဲ့အရာတစ်ခုကို ၊ ကာယာကံရှင်နှစ်ယောက်ကကျေနပ်ပျော်ရွှင်နေတဲ့ ဒီအိမ်ထောင်ရေးကိုပဲ ထိခိုက်ပြောဆိုနေတဲ့အခါ ကြာလာတော့
မောင်, လည်း စိတ်တွေကုန်လာသလိုခံစားလာရပါတယ် ။ မေမေရဲ့ စိတ်ဓာတ်ဟာ မောင့်,ကိုချစ်တာထက် မြတ်သောမောင်, ဆိုတဲ့သူကို သူ့စိတ်တိုင်းကျ သူ့သဘောအတိုင်းလှယ်ချင်တာ ။ အခုလည်း သူ့တစ်ယောက်ထဲပေါက်ကွဲနေပြန်ပါပြီ ။
ရဲရင့်ကတော့ ဘာမှဝင်မပြောသေးပဲ မောင်,နဲ့ မေမေရဲ့စကားတွေကို ငြိမ်ပြီးနားထောင်လို့ ။

" မြတ်သောမောင်! !!!! နင်ဘာစကားပြောလိုက်တယ် "

" ကျွန်တော် နဲ့ ရဲရင့် တိုင်ပင်ပြီး သားသမီးယူမလို့ပါ "

"နှစ်ယောက်တိုင်ပင်တာလား ..... သူခိုင်းတာကိုနင်ကလိုက်လုပ်ပေးနေရတာလား "

" မေမေ! !!! ဒီကိစ္စက သူများခိုင်းတိုင်းလုပ်ရမယ့်ကိစ္စလား ...... သားတို့နှစ်ယောက်စလုံးသေသေချာချာတိုင်ပင်ပြီးဆုံးဖြတ်ခဲ့တာပါ "

" သေသေချာချာပဲဆုံးဖြတ်ဆုံးဖြတ် ..... မသေမချာပဲဆုံးဖြတ်ဆုံးဖြတ် .... ဘာသားသမီးမှယူစရာမလိုဘူး ..... သားသမီးလိုချင်ရင်ရင် အစထဲကမိန်းမယူလေ ..... မိန်းမယူပြီး သားသမီးမွေးရင် ငါးယောက်မွေးမွေးခြောက်ယောက်မွေးမွေး ငါက လက်ခံပေးမှာ ..... ချစ်ပေးမှာ ...... အခုကတော့တစ်ယောက်မှလက်ခံမပေးနိုင်ဘူး "

တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed) Where stories live. Discover now