Part - 21
💞 တွယ်ငြိခဲ့လေသော 💞
💞 💞 💞
မောင်ကတော့ ရဲရင့် စီစဉ်ပေးထားတဲ့အတိုင်း ရုံးကကားနဲ့ မန္တလေးကိုထွက်လာလိုက်ပါတယ် ။ ဒရိုက်ဘာရယ် ၊ ပန်းနုရယ်ပဲပါတာမို့ ခရီးသွားရတာအေးအေးဆေးဆေးတော့ရှိသားပဲ ။ အမှန်တော့ မောင်လည်း ဒီရက်တွေအိမ်မှာမနေချင်ဘူး ။ အိမ်မှာရှိနေရင် မင်္ဂလာဆွမ်းကျွေးအတွက်ပြင်ဆင်ဖို့ နှောင်းရိပ်နဲ့တွဲပြီး ဟိုဟိုဒီဒီတွေ သွားခိုင်းနေမှာ ။ တစ်ရက်နှစ်ရက်ခရီးသွားရလည်း တစ်ရက်နှစ်ရက် စိတ်ဆင်းရဲရတာကနေလွတ်တယ်လို့တွေးမိနေတာ ။
စသွားထဲက ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်က Hotel ဆောက်မယ့်မြေကွက်ကိုဝင်ပြီး စစ်ဆေး ။ ပြီးတာနဲ့ မန္တလေးကိုတန်းမောင်းလာတာ တည်းမယ့်
Hotel ကိုရောက်တော့ ညမိုးချုပ်နေပြီ ။ မောင်က ပန်းနု နဲ့ ဒရိုက်ဘာကိုပါခေါ်ပြီး ညစာစား ။ ပြီးတာတန်းနဲ့အိပ်ရာဝင်ဖို့ပြင်လိုက်ပါတယ် ။ ကားစီးလာရလို့ လူကပင်ပန်းနေတာမို့ စောစောနားမယ်အတွေးနဲ့ အိပ်ဖို့လုပ်နေတုန်း ဖုန်းထဲကို Message ဝင်လာတာမို့ကြည့်လိုက်တော့ ------📝 အစစအရာရာ အဆင်ပြေပါစေ 📝
ဘာတုန်းကွာ!!! အလုပ်အတွက် Message ပို့တာလား ။ အနည်းဆုံးတော့ ကိုကို့ ကိုသတိရတယ်ဆိုတာလောက်တော့ ပါသင့်တယ်မို့လား ။ ကိုယ်ဒီအချိန်ဘယ်လောက် စိတ်ဆင်းရဲပြီး သူ့ကိုလွမ်းနေလဲ
သူမသိပဲနေမှာမဟုတ် ။ အဲဒီရဲရင့်ဟာ တစ်ခါတစ်လေ သိပ်နေစိမ့်တာပဲ ။ နိုင်ငံခြားခရီးသွားနေတာတဲ့ ။ အလုပ်ကြောင့်ဟုတ်ချင်မှဟုတ်မှာပေါ့ ။ ကျောင်းတက်တုန်းက တွဲခဲ့တယ့် သူ့ဟာလေးဆီသွားတာလဲ ဖြစ်နိုင်တာပဲ ။ စိတ်တိုတိုနဲ့ ခုံပေါ်မှာ ပန်းနုလာပို့ထားတဲ့ အားဆေးကိုသောက်ပြီး အိပ်ရာဝင်လိုက်ပါတယ် ။ အလုပ်ကိစ္စအတွက်ခရီးသွားရတိုင်း ပန်းနုက ကိုယ်ပင်ပန်းတာသက်သာအောင် အားဆေးကအစပြီး နောက်ဆုံးကိုယ်သုံးတဲ့ မျက်စဉ်းကအထိသယ်လာပေးရှာတာ ။ နှောင်းရိပ်ဆိုရင်တောင် အခုလိုတွေအထိ အလုပ်တက်ဘူး ။ ပန်းနုကတော့ တကယ်ကိုတော်လွန်းတဲ့အတွင်းရေးမှူးပါ ။ ဒါကြောင့်လည်း ရဲရင့်က အလုပ်ခန့်ထားတာနေမယ် ။ ဒီကောင်လေးက အလုပ်နဲ့ပတ်သက်ရင် တအားကိုတော်လွန်းတာ ။ မောင် ဆေးသောက်ပြီးတာနဲ့ အိပ်ချင်လာတာကြောင့် စောင်ခြုံထဲဝင်ပြီး အိပ်လိုက်ပါတော့တယ် ။ အိမ်မက်ထဲမှာ မောင့်က ရဲရင့် ရင်ခွင်ထဲမှာအိပ်နေရပြီး ရဲရင့်က မောင့်ကိုယ်အသက်ရှုကျပ်တဲ့အထိ အနမ်းတွေမနားတမ်းပေးနေတာတဲ့ ။ ဒီလိုအနမ်းတွေ ဘယ်လောက်တောင် မျှော်နေခဲ့ရသလဲ ။ ဒီအိမ်မက်လေးနဲ့ပဲ မိုးလင်းတဲ့အထိ ကိုယ်အိပ်ပါရစေ ။
YOU ARE READING
တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed)