💕 တွယ်ငြိခဲ့လေသော 💕 Part - 12

26.9K 2.7K 40
                                    

Part -12

💞 တွယ်ငြိခဲ့လေသော 💞

💞 💞 💞

ရင်ဘက်ကိုလာရိုက်ခတ်နေတဲ့လေတွေကပူနေတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ရင်ခွင်ထဲမှာအိပ်နေတဲ့ကိုကို။ မျက်နှာတွေက နီရဲလို့ ။
နှဖူးလေးကိုအသာစမ်းကြည့်လိုက်တော့ ကိုယ်တွေကချစ်ချစ်တောက်ပူနေတာ ။ ညကကိစ္စကြောင့်
နေမကောင်းဖြစ်နိုင်တယ်တွေးထားပေမယ့် ဒီလောက်အထိ ဖြစ်မယ်လို့တော့မထင်ထားမိဘူး ။

မျက်နှာတစ်ခုလုံးကလည်း အစ်မို့နေပြီး ချွေးတွေကလည်းရွှဲလို့ ။ ရဲရင့် အိပ်ရာကနေထလိုက်ပြီး
ဘာလုပ်ရင်ကောင်းမလဲတွေးလိုက်ပါတယ် ။ အခုဟာက ဆေးခန်းခေါ်သွားဖို့လည်း အဆင်မပြေ ။
အရင်ဆုံး ကြီးမြကိုဖုန်းဆက်ပြီး ကိုကိုနေမကောင်းလို့ ဆေးသောက်ရင်စားဖို့ တစ်ခုခုလေးလုပ်ပြီးလာပို့ပေးပါလို့မှာလိုက်ရတယ် ။ ကိုယ်တိုင်ပြင်ဆင်ပေးချင်ပေမယ့် ကိုယ်က ဘဲဥတောင်သေချာပြုတ်ဖူးတာမဟုတ် ။ ဆရာဝန်ကတော့ ကျိန်းသေခေါ်မှဖြစ်မှာမို့ ဘယ်သူ့ခေါ်ရမလဲတွေးမိတဲ့အချိန် ကိုကို့ သူငယ်ချင်း ကိုပိုင်ဇေကို သတိရမိသွားပါတယ် ။

တကယ်တော့ ရဲရင့်က ကိုကို နဲ့ပတ်သက်ပြီး တော်တော်များများစုံစမ်းထားပြီးသား ။ ကိုယ်သိရသလောက်ကတော့ ကိုကိုရယ် ၊ ကိုပိုင်ဇေရယ် ၊ နှောင်းရိပ်ချိုရယ်ဆိုတာ အထက်တန်းထဲက သူငယ်ချင်းတွေ ။ ကိုကိုက နှောင်းရိပ်ချိုအပေါ် မရိုးသားပေမယ့် သုံးယောက်ထဲမှာ အချို့တဲ့ဆုံးဖြစ်တဲ့ ကိုကို့ကို ဟိုအမျိုးသမီးက ဂရုကိုမစိုက်ခဲ့တာ ။ သူမအရေးပေးခဲ့တာက အထူးကုဆရာဝန်ကြီးတွေရဲ့တစ်ဦးတည်းသောသား ကိုပိုင်ဇေ ။ ဆယ်တန်းအောင်တော့ ကိုပိုင်ဇေက ဆေးကျောင်းရောက်ပြီး ကိုကိုနဲ့ ဒေါ်နှောင်းရိပ်က စီးပွားရေးတက္ကသိုလ်တက်တာ ။ တက္ကသိုလ်အတူတူတက်နေတဲ့ ကိုကို့က ကျော်ပြီး ဆေးတက္ကသိုလ်က ကိုပိုင်ဇေကို အခွင့်အရေးတွေပေးပေမယ့် ကိုပိုင်ဇေကတော့ ဆေး ပထမနှစ်
မှာတင် သူနဲ့အတန်းဖော်ဆေးကျောင်းသူလေးနဲ့ချစ်သူဖြစ်သွားတယ်လို့ကြားလိုက်ရတယ် ။

နောက်ထပ်သိခဲ့ရတာက ကိုပိုင်ဇေက ကိုကိုနဲ့ပတ်သက်ပြီး နှောင်းရိပ်ချိုကို သဘောမကျပါဘူးဆိုတာပါပဲ ။ သူငယ်ချင်းဆိုတဲ့သံယောဇဉ်ကြောင့် ဘာမှသိပ်ဝင်မပြောပေမယ့် ကိုကို့ ကို လိုသုံးလိုပုံစံမျိုးဆက်ဆံတိုင်း နှောင်းရိပ်နဲ့ကိုပိုင်ဇေ စကားများကြရတာခဏခဏတဲ့ ။ သေချာတာကတော့ ကိုပိုင်ဇေဟာ ကိုကို့ကို ညီအကိုလိုချစ်တဲ့ ကိုကိုယုံကြည်လို့ရတဲ့ တစ်ဦးထဲသောလူပဲ ။ အခုလိုအချိန် ကိုကိုပြည့်စုံလာမှ အနားကိုပြန်လာဖို့လုပ်နေတဲ့ နှောင်းရိပ်ချိုကို သူလည်းသဘောကျမှာမဟုတ်လောက်ဘူး ။
ဆိုတော့ကာ ရဲရင့်အနေနဲ့ ကိုပိုင်ဇေနဲ့အဆင်ပြေအောင်ပေါင်းပြီး ကိုယ့်လူလုပ်ထားနိုင်ရင် အရှုံးမရှိနိုင်ဘူးပေါ့ ။

တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed) Where stories live. Discover now