Part - 24
💞 တွယ်ငြိခဲ့လေသော 💞
" ကိုကို .... ဗိုက်မဆာဘူးလား .... တစ်ခုခုစားမချင်ရင် ကြီးမြကိုပြင်ခိုင်းလို့ရတယ် .... အောက်ထပ်ကိုမဆင်းချင်လည်း အခန်းထဲပို့ခိုင်းလိုက်မယ်လေ "
ရဲရင့် မေးလိုက်တဲ့စကားကြောင့် ကိုကို က ခေါင်းခါ
ပြရင်း -------" ကို ဘာမှမစားချင်ဘူး "
အိမ်ပြန်ရောက်ထဲက အိပ်ရာပေါ်လှဲနေပြီး စကားလည်းမပြော ။ မျက်နှာလေးဆိုတာနွမ်းသွားလိုက်တာ ။ နှစ်ယောက်ထဲ ရှိနေတုန်းက ပြုံးပျော်နေတဲ့သူက အခုတော့ စိတ်ဆင်းရဲနေရရှာပြီ ။ ကိုယ်တွေက ဒေါ်နှင်းဆီကို ဂရုကိုမစိုက်ပေမယ့် သူကတော့ အမေဖြစ်နေတာကိုး ။ သူ့အမေ နဲ့ ကိုယ့်ကြားထဲ ဘယ်လောက်တောင်အနေခက်ရှာမလဲ ။ ရဲရင့် ကိုကိုအိပ်နေတဲ့ဘေးမှာ ဝင်ထိုင်လိုက်ရင်း -----
" စိတ်ညစ်နေပြီလား "
" ကိုယ်နည်းနည်းပင်ပန်းနေလို့ပါ "
မျက်နှာကိုကြည့်လိုက်တာနဲ့ ညာနေမှန်းသိတာမို့ ----
" ကျွန်တော့်ကိုမညာဘဲနဲ့ အမှန်အတိုင်းပြောလို့ရပါ
တယ်ကိုကိုရယ် .... ကြည့်လိုက်တာနဲ့ စိတ်ညစ်နေမှန်းသိသာနေတဲ့ဟာ "ကိုကိုက သက်ပြင်းတစ်ချက်ချလိုက်ရင်း ------
" တကယ်တော့လေ ..... စိတ်ညစ်တာမဟုတ်ပါဘူး
..... စိတ်ပူတာ ..... ရဲရင့် နဲ့ မေမေက တွေ့တာနဲ့ပြဿနာဖြစ်နေကျမှာကို စိတ်ပူတယ် ..... ကိုယ့်
ကြောင့် နှစ်ယောက်ကြားမှာ အမုန်းတရားတွေပို
ကြီးလာမှာတကယ်စိတ်ပူတယ် "" ဘာများလဲလို့ ကိုကိုရယ် ..... ကျွန်တော်နဲ့ ကိုကို့ အမေကတွေ့တာနဲ့ပြဿနာဖြစ်မှာ သေချာနေတဲ့
ကိစ္စကို ဘာလို့စိတ်ပင်ပန်းခံနေရတာလဲ .... ပြဿနာက အမြဲရှိနေမှာ ..... ကိုကိုသာ ကျွန်တော်တို့ နှစ်ေ ယာက်ကြားထဲမှာနေတက်အောင်နေနော် ...... စိတ်ညစ်မခံနဲ့ .... ဟိုဘက်ကမစသရွေ့တော့
ကျွန်တော်လည်းကျော်သွားပါ့မယ် .... တစ်ခုပဲ ....
သူစရင်တော့ ငြိမ်ခံနေမှာမဟုတ်ဘူး "" ရဲရင့်က လူငယ်ပဲဟာ .... နည်းနည်းလောက်
သည်းခံပေးလို့မရဘူးလား "
YOU ARE READING
တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed)