💞 တွယ်ငြိခဲ့လေသော 💞 Extra Part - 3

17.3K 1.7K 36
                                    

Extra - 3

💞 တွယ်ငြိခဲ့လေသော 💞

မောင်, မနက်အိပ်ရာကနိုးတော့ ရဲရင့်တစ်ယောက် အခန်းထဲမှာရှိမနေတော့ပါဘူး ။ သား နဲ့ သမီးအ
တွက် မနက်စာပြင်ပေးချင်တာနဲ့ အိမ်အောက်
ထပ်ကိုဆင်းလာတော့ အခန်းထဲမှ ကြီးမြက
ကိုယ်တွေအတွက် မနက်စာတောင် ပြင်ဆင်ပြီး
ပြီ ။ ကြီးမြက မောင့် , ကိုတွေ့တာနဲ့ -----

" ဟော! !!! သားမောင်, တောင်နိုးလာပြီလား ....
ရဲရင့်လေးကတော့ မနက်စောစော အပြင်ထွက်သွား
တယ် ...... လုပ်ငန်းရှင်တစ်ယောက်ကို မနက်စာ
လိုက်ကျွေးချင်လို့တဲ့ "

ကြီးမြစကားကြောင့် မောင်, အံ့အားသင့်သွားရင်း လုပ်ငန်းရှင်တစ်ယောက်ကို မနက်စာကျွေးမယ်
ဆိုတဲ့စကားကြောင့် ညက ပြောခဲ့တဲ့ နန်းမျိုးနွယ်
ဆိုတဲ့တစ်ယောက်ကို သတိရမိသွားပါတယ် ။
ညက ရဲရင့် ပွဲကနေပြန်လာပြီးပြီးချင်း အဲတစ်
ယောက်ကိုဖုန်းဆက်သေးတာပဲ ။ ဒီမနက်ကိစ္စ
မောင့်, ကိုဘာတစ်ခွန်းမှတောင်ပြောမပြခဲ့ ။ မောင်,
ကလည်း အခုလိုချက်ချင်းကြီး ချိန်းပြီးသွားကြလိမ့်
မယ်လို့မထင်ခဲ့ဖူးလေ ။ ဒီတစ်ခါတော့ ရဲရင့်က
သိပ်ကို တက်ကြွနေတာများလား ။

ခါတိုင်းဆိုရင် သူဘယ်သွားသွား မောင့်, ကို တဂျီဂျီနဲ့ကလေးလိုကပ်ချွဲပြီး မရရအောင် ခေါ်တက်သူ ၊
မောင် , မလိုက်ရင် စိတ်ကောက်နည်း ပေါင်းစုံနဲ့
စိတ်ကောက်ပြတက်သူက အခုတော့ မောင်,
အိပ်ရာမနိုးခင်ထသွားသတဲ့ ။ ယုံတောင်မယုံနိုင်ခဲ့ ။
ရဲရင့်ဟာ တကယ်ပဲ ခြေလှမ်းပျက်ဖို့စတင်နေတာများလားလို့ မဝံ့မရဲတွေးလိုက်မိပါတယ် ။
သား နဲ့ သမီး အတွက် မနက်စာပြင်ဆင်ပေးနေရ
ပေမယ့် စိတ်ကတော့ ရဲရင့် ဆီမှာသာ ။ ဖွင့်မပြော
တက်တဲ့ ငါ့ရင်ထဲက ခံစားချက်တွေကို မင်းမြင်နိုင်
ရင်သိပ်ကောင်းမှာပဲနော် ။

" ပါးပါး ..... Ki နိုးလာပြီ "

" Di လည်းနိုးလာပြီ "

ကလေးထိန်းနှစ်ယောက်နဲ့အတူတူ ထမင်းစားခန်းထဲဝင်လာတဲ့ သား နဲ့ သမီးကို ဆီးကြိုပွေ့ဖက်နမ်း
ရှိုက်လိုက်ရင်း ကိုယ်တိုင်ဖုတ်ထားတဲ့ ပူတင်းလေး
တွေထိုင်ကျွေးနေလိုက်ပါတယ် ။ ကလေးတွေက
စားရင်းနဲ့ ဆော့နေလို့ မနက်စာတစ်ခါကျွေးရင်
အချိန်အကြာကြီးယူရတာ ။ မနက်စာကျွေးနေတာ
ပြီးခါနီးလေးမှာပဲ အခန်းထဲဝင်လာတဲ့ ရဲရင့် ။
အမြဲတမ်း ကိုယ်ထုတ်ပေးတဲ့အဝတ်အစားကိုပဲ
ဝတ်တက်တဲ့သူက အခုတော့ သူ့ဟာသူကျော့
မော့နေအောင်ဝတ်သွားပြီး ကိုယ်မသိအောင်အပြင်
ထွက်သွားတယ်ပေါ့ ။ ဒါနဲ့များ အရင်က ကိုယ့်ကို
ခိုင်းနေသေးတယ် ။ သူ့အခိုင်းအစေကျနေတာပဲ ။
မောင့် , စိတ်ထဲကမကြည်တော့ပေမယ့် သူများ
တွေကို ကိုယ့်ကြောင့်စိတ်ညစ်မှာဆိုးတဲ့ ပင်ကိုယ်
စိတ်ရင်းလေးကြောင့် မျက်နှာကိုအတက်နိုင်ဆုံး
ထိန်းပြီး ------

တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed) Where stories live. Discover now