Part - 11
💞 တွယ်ငြိခဲ့လေသော 💞
💞 💞 💞
ရဲရင့် ရဲ့ အော်သံကြောင့် ကိုကို လန့်သွားမှာတော့သေချာတယ် ။ မနေ့ကနဲ့ ဒီနေ့တစ်နေ့လုံး ကိုယ့်ဖုန်းကိုလုံးဝကိုမကိုင်တာ ။ ကိုယ်ဘယ်လောက်စိတ်ပူနေလဲ နည်းနည်းလေးတောင် တွေးမပေးဘူး ။ သူ နဲ့
ခဏလေး အဆက်အသွယ်ပြတ်သွားတဲ့အချိန်ကျမှ
ကိုယ်ဘယ်လောက်တောင် သူ့အပေါ်တွယ်ငြိမိနေလဲ သိသွားခဲ့ရပြီး သူမရှိပဲ ခဏလေးတောင်မနေ
နိုင်တော့တာ ။ အရာအားလုံးကိုမေ့သွားပြီး သူ့ကိုပဲ
လွမ်းနေမိတာ ။ သူကတော့ ကုမ္မဏီမှာ ဘယ်လောက်တောင် မျက်နှာကောင်းလိုချင်နေတယ်မသိ။ ဒေါ်နှင်းဆီရဲ့သား ပီသပါပေတယ် ။ သိပ်ကို ရာထူးအာဏာတွေ လိုချင်နေရှာတာ ။
ကိုယ့်မှာ မနေ့က သူအိမ်ပြန်မလာတော့ ထိုင်မရ ၊
်ထမရ ။ ဖုန်းဆက်တော့လည်းမကိုင် ။ နောက်ဆုံးဘယ်လိုမှနေလို့မရတဲ့အဆုံး သူငယ်ချင်းမြတ်သူ
ရဲ့အကိုက YY Group လက်အောက်က ကိုကို အလုပ်ဝင်နေတဲ့ဆောက်လုပ်ရေးဘက်က GM ဆိုတာကို သတိရသွားတာနဲ့ မြတ်သူဆီကနေ
ဖုန်းနံပါတ်လှမ်းတောင်းပြီး ဖုန်းဆက်မေးလိုက်တာ။ GM ကလည်း ရဲရင့်ကို CEO ဦးမြတ်မင်းရဲ့သားမှန်းသိနေတော့ တရိုတသေပြန်ဖြေပေးရှာတယ် ။ ကိုကို့မန်နေဂျာ ငွေကြေးအလွဲသုံးစားမှုဖြစ်လို့ အရမ်းအလုပ်ရှုပ်နေတယ်ပြောတာမို့ စိတ်အေးသွားပေမယ့် ညတော့ပြန်လာမယ်ထင်ခဲ့တာ ။ သူကြိုက်တဲ့
ကော်ဖီခါးခါးတစ်ခွက်ဖျော်ပြီးစောင့်နေခဲ့ပေမယ့်
သူကပြန်မလာတော့ ကိုယ်လည်းတစ်ညလုံးငုတ်တုတ်မိုးလင်း ။ ဒီမနက်ရောက်တော့လည်း မနေ့ကအတိုင်းပဲ ဖုန်းမကိုင်တာနဲ့ ကျူရှင်ဆရာတွေအကုန်လုံးကို ခွင့်လှမ်းတိုင်ပြီး ကုမ္မဏီအရှေ့က စားသောက်ဆိုင်မှာ တစ်နေကုန်သွားထိုင်နေမိတာက သူ့မျက်နှာလေးကို မြင်ချင်လွန်းလို့ ။ တစ်နေကုန်မတွေ့ရပဲ ညနေဘက်အလုပ်ဆင်းချိန်မှထွက်လာတဲ့သူ့နောက်ကို မသိမသာနောက်ယောင်ခံလိုက်နေမိတုန်း မုန့်ဆိုင်တစ်ဆိုင်ထဲဝင်သွားတာကိုတွေ့တာနဲ့ ကိုယ်လည်းဝင်လိုက်ဖို့် ကားပါကင်နေရာလွတ်ခဏလေးရှာလိုက်မိတာ ။ ကားရပ်ပြီး အထဲဝင်လိုက်သွားတဲ့အချိန် မြင်လိုက်ရတဲ့မြင်ကွင်းက ရင်ဝကို စောင့်ပြီးအကန်ခံလိုက်ရသလိုပဲ ။
YOU ARE READING
တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed)