💕 တွယ်ငြိခဲ့လေသော 💕 Part - 29

22.1K 2.1K 49
                                    

Part- 29

💞 တွယ်ငြိခဲ့လေသော 💞

💞 💞 💞 💞

ဖေဖေ ကတော့ ရဲရင့် ပြောပြတဲ့စကားတွေအဆုံးမှာ
ဘာစကားမှတောင်ပြန်မပြောနိုင်တော့ပဲ အိမ်ကိုခေါင်းငိုက်စိုက်နဲ့ပြန်သွားပါတော့တယ် ။ ရဲရင့် ကိုယ်
တိုင်လည်း ဒီလိုအခြေအနေကြီးကိုမြန်မြန်ဆန်ဆန်
မရောက်စေချင်လို့ ဒေါ်နှင်းဆိီကို အထပ်ထပ်အခါခါသတိပေးနေရတာ ။ ဒါပေမယ့်လည်း သူကမှရပ်မသွားတာလေ ။ အမှန်တော့ ကိုကို ကားမတော်တဆဖြစ်တဲ့အချိန်မှာ ကားကဘရိတ်မမိတော့တာဆိုတဲ့အဖြေထွက်လာတာကြောင့် ရဲရင့် မယုံကြည်
နိုင်အောင်ဖြစ်သွားတာပါ ။ ကိုယ်ရဲ့ကားဟာ
အမြဲစစ်ဆေးပြီး ခရီးဝေးသွားနိုင်ဖို့ အဆင်သင့်
ပြင်ဆင်ထားပြီးသား ။ ဒါကြောင့် အတွင်းရေးမှူးကို
ကောင်းမြတ်ကို ရုံးက CCTV ကိုစစ်ဆေးခိုင်းလိုက်
တဲ့အချိန် မျက်နှာကိုကွယ်ထားတဲ့တစ်စုံတစ်ယောက်က ကားနားကိုမရိုးမသားပုံစံနဲ့ ချဉ်းကပ်လာတာကိုမြင်ရတာမို့ ကားပါကင်ရဲ့အဝင်အထွက်တွေကို
ပါ ဆက်ပြီးစစ်ဆေးလိုက်တဲ့အချိန် မထင်မှတ်ပဲ
တွေ့လိုက်ရတဲ့သူဟာ နှောင်းရိပ်ချိုဖြစ်နေခဲ့တာ ။

နှောင်းရိပ်ချို အလုပ်ကနေထွက်မသွားပဲ သူ့ကို
ပြောင်းပေးတဲ့ဌာနမှာပဲ အလုပ်ဆက်လုပ်နေခဲ့တာကို ရဲရင့်သိနေပါတယ် ။ ကိုယ်တွေကိုလာမနှောက်
ယှက်ရင်ပြိီးရောဆိုပြီးလွှတ်ထားပေးခဲ့ပေမယ့် အခု
တော့ သူကပါကြံရာပါလုပ်နေခဲ့တာကိုး ။

တကယ်ဆို ရဲရင့် ခေါင်းပေါ်ကို ပန်းအိုးပစ်ချထဲက
ဒေါ်နှင်းဆီလက်ချက်မှန်းသိပြီးသား ။ အခုကိစ္စွမှာလည်း ရဲရင့်ခရီးသွားမယ်ဆိုတာကိုသိနေလို့ ကားကိုနှောင်းရိပ်နဲ့ပေါင်းပြီး ဘရိတ်ကြိုးဖြတ်ထားတာ ။ ကံဆိုးချင်တော့ ရဲရင့်အစား ခရီးသွားပေးတဲ့ကိုကိုက ကြားထဲကခံလိုက်ရတာပေါ့ ။ ခင်ဗျားလုပ်ထားတဲ့အပြစ်တွေအတွက် ပေးဆပ်ချိန်တန်ပြီ
ဒေါ်နှင်းဆီ ။ အထူးသဖြင့် ကိုကို့ ကို ဖခင်မရှိတဲ့ကလေးအဖြစ်အသိပေးပြီး ခင်ဗျားလုပ်ခဲ့တဲ့
အပြစ်တွေအတွက် တစ်ခုချင်းလာခဲ့မယ် ။ စောင့်သာနေ ။နောက်ပြိိီး ကိုကို နဲ့ ကျုပ်ကိုငါးနှစ်
လောက်ခွဲခဲ့တဲ့တရားခံဟာ ခင်ဗျား နဲ့ နှောင်းရိပ်ချိုဆိုတာသိခဲ့ပြီးပြီလေ ။ ပြောဖူးခဲ့ပါတယ် ။
ဘယ်သူ့ဖြစ်ဖြစ် ခွင့်မလွှတ်ဘူးလို့ ။

တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed) Where stories live. Discover now