Part - 16
💞 တွယ်ငြိခဲ့လေသော 💞
စာမေးပွဲဖြေပြီးတာ တပတ်ကျော်နေပြီမို့ ရဲရင့်တစ်ယောက် ဘာအလုပ်မှမရှိလို့ ပျင်းနေပေမယ့် ကိုကိုကတော့အလုပ်ရှုပ်နေလို့ဆိုပြီး ညဆိုတော်တော်နဲ့
အိမ်ပြန်မရောက်ဘူး ။ စာမေးပွဲနောက်ဆုံးနေ့က ကိုကို့ ကို စောင့်နေတုန်း နံပါတ်ပြားမပါတဲ့ ကားတစ်စီးက ဘရိတ်ပေါက်တာလား ဘာလားမသိပေမယ့် ရဲရင့် ရပ်နေတဲ့နေရာဆီတန်းဝင်လာလို့ ရှောင်လိုက်တာခြေဆစ်ခေါက်လဲပြီး လမ်းလျှောက်ရတာသိပ်မကောင်း ။ ကိုကိုကလည်း ဒီရက်ပိုင်းမျက်နှာမကောင်းတာကို ရဲရင့် သတိထားမိပေမယ့် အလုပ်ပင်ပန်းလို့များလားဆိုပြီးပဲတွေးနေမိတယ် ။ အခုလည်း အလုပ်ကပြန်ရောက်လာတာနဲ့ရေချိုးပြီး
အခန်းထဲကထွက်မလာသေးလို့ အခန်းထဲဝင်ကြည့်လိုက်တဲ့အချိန် ကုတင်မှာထိုင်နေတာမို့ ------" ကိုကို ..... ထမင်းမစားသေးဘူးလား "
ရဲရင့် ကမေးလိုက်ပေမယ့် ကိုကိုက ဘာမှပြန်မဖြေပဲသူ့လက်ထဲမှာကိုင်ထားတဲ့စာရွက်အချို့ကို
လှမ်းပေးလိုက်ရင်း ----" ရဲရင့် ..... ဒီမှာ လိုအပ်တဲ့စာရွက်စာတမ်းတွေ "
" ဘာစာရွက်တွေလဲ ကိုကို "
" မင်း ဂျပန်ကိုသွားဖို့ ပြင်ပေးထားတာ "
ကိုကို ပြန်ဖြေလိုက်တဲ့စကားဟာ ကိုယ်လုံးဝ
မျှော်လင့်မထားတဲ့အဖြေမို့ ရဲရင့် တကယ်လန့်သွား
မိပါတယ် ။" ဘာ! !!!! ကျွန်တော်က ဘာလို့ဂျပန်သွားရမှာလဲ.... အစကပြောတော့အောင်စာရင်းထွက်ပြီးမှသွားရမှာဆို "
" သွားရမယ့် အတူတူ အခုထဲကသွားလိုက်တော့....ဟိုရောက်တာနဲ့ သင်တန်းတက်ဖို့ရော .... ဒီက အောင်စာရင်းထွက်ပြီးရင် ကျောင်းဆက်တက်
ဖို့ရော အကုန်လုံးစီစဉ်ထားပြီးပြီ "" ကိုကို .... ဘာတွေလုပ်နေတာလဲဗျာ ..... ဘာလို့အလျင်လိုနေရတာလဲ ..... ကျွန်တော် ကိုကိုနဲ့ခွဲဖို့ အဆင်သင့်မဖြစ်သေးဘူးလေ "
" အဆင်သင့်မဖြစ်လည်း ငါကသွားဆိုသွားလိုက်လေ "
လေသံမာမာနဲ့ အတည်ကြီးပြောနေတဲ့မောင့်, စကားကြောင့် ရဲရင့် မျက်ရည်တွေကျလာပါတယ် ။
ပြောပါတယ် ။ ကိုကိုဟာ အရင်ထဲက အသဲမာတဲ့သူပါဆို ။ အခုလည်း ရဲရင့်ကိုဘာမှကြိုတင်
ပြင်ဆင်ခွင့်မပေးဘဲ အဝေးကိုလွှတ်နေပြန်ပြီ ။ ရဲရင့်အတွက်အားကိုးရာက ကိုကိုပဲရှိတာမို့ ကိုကို့ရင်
ခွင်ထဲ ကလေးတစ်ယောက်လိုခေါင်းတိုးဝင်လိုက်
ရင်း မျက်ရည်တွေနဲ့တောင်းပန်နေမိပါတော့တယ် ။
YOU ARE READING
တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed)