Part - 25
💞 တွယ်ငြိခဲ့လေသော 💞
💞 💞 💞
" ကိုကို ..... ကိုကို "
" အင်းးး!!!! "
" မိုးချုပ်တော့မယ် .... ခဏလောက်ထပြီး ဆေးသောက်ကြရအောင်လေ ..... ပြီးမှပြန်အိပ်နော် "
ရဲရင့်နှိုးလိုက်တော့ကိုကို အိပ်ရာကနိုးလာပါတယ် ။
ချွေးတွေနဲ့စိုနေတဲ့ခန္ဓာကိုယ်ကို ရေသဘက်တိုက် ၊
အဝတ်အစားတွေအသစ်လဲပေးပြီးတာနဲ့ ကြီးမြလာပို့ပေးထားတဲ့ ကြက်သားဆန်ပြုတ်ကိုတိုက်တဲ့အချိန် ကိုကိုက နာကျင်သလိုမျက်နှာမဲ့သွားတာမို့ ရဲရင့်
ကိုကို့ပါးလေးတွေကို လက်လေးနဲ့အသာကပ်ထားလိုက်ရင်း ------" ကိုကို ..... အရမ်းနာနေလားဟင် "
" အင်း ..... နည်းနည်းတော့နာတယ် "
ကိုကို့ ကိုကြည့်ရင်းနဲ့ သနားလာတာကြောင့် ရဲရင့်
မျက်ရည်တွေကျလာပါတယ် ။ တကယ်ပါ ဒီလူသားလေးကိုထိရင် ကိုယ့်ရင်ထဲမချိအောင်နာတာပါ။
ရဲရင့် ရဲ့ မျက်ရည်တွေကို ကိုကို ကတွေ့သွားတာနဲ့------" ရဲရင့် ရယ် မငိုပါနဲ့ .... ကိုတကယ်နည်းနည်းပဲနာတာ..... တကယ်ပြောတာ.... အခုသိပ်တောင်မနာ
တော့သလိုပဲ ..... ဒီလောက်လေးကို ဘာမှမဖြစ်ပါဘူး ..... စိတ်မကောင်းမဖြစ်နဲ့နော် "" ကိုကို "
" ပြောလေ ရဲရင့် "
" ကျွန်တော့်ကိုမညာပဲပြောလို့ရတယ်လေ .... ကျွန်တော့်ကိုမှအမှန်အတိုင်းမပြောရင် ဘယ်သူ့ကိုပြောမှာလဲ ..... ကိုကိုညာနေမှန်းသိရင် ကျွန်တော်ပိုခံစားရတယ် "
ရဲရင့်စကားကြောင့် ကိုကိုကခဏငြိမ်သွားရင်း -----
" သိပြီးသွားပြီမို့လား "
" ဘာကိုလည်းကိုကို "
" ကို နဲ့ မေမေ ရဲ့အကြောင်းကိုလေ "
" အင်း! ! သိပြီးသွားပြီ "
" မေမေ့ကိုလည်း အပြစ်မတင်ပါနဲ့နော် .... ကိုယ့်ကိုရိုက်လို့လည်း စိတ်မဆိုးနဲ့ ..... သူလည်းဒီလောက်တော့ ပေါက်ကွဲခွင့်ရှိတယ်လေ ..... ခုလိုနည်းနဲ့
သူ့ဒေါသတွေကိုထွက်ပေါက်ပေးလိုက်တော့ ခံစားရတာနည်းနည်းသက်သာသွားမယ်ထင်တယ်..... ကိုယ်ကမင်းဘက်မှာရှိနေတော့ သူဒေါသထွက်တာအဆန်းမဟုတ်ပါဘူး ..... ရဲရင့်က မသိချင်ယောင်ဆောင်နေပေးနော် "
YOU ARE READING
တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed)