💕 တွယ်ငြိခဲ့လေသော 💕 Part - 26

23K 2.1K 20
                                    

Part - 26

💞 တွယ်ငြိခဲ့လေသော 💞

💞 💞 💞

ရုံးခန်းတံခါးဖွင့်ဝင်လိုက်တယ်ဆိုရင်ပဲ ရဲရင့်က သူ့လက်ထဲက File တွေကို အံဆွဲထဲထည့်လိုက်တာတွေ့လိုက်ရပါတယ် ။ သိမ်းလိုက်တယ်ဆိုတာထက် မောင့်,ကိုမမြင်စေချင်လို့ ဖွက်လိုက်တာမျိုး ။

" ဘာတွေဖွက်နေတာလဲ ရဲရင့် "

မောင်, မေးလိုက်တဲ့စကားကြောင့် ရဲရင့် က ----

" ဟောဗျာ .... ဘာဖွက်လို့တုန်း .... ကိုကိုဝင်လာလို့
အလုပ်Fial တွေသိမ်းတာလေ ..... ပြန်ဖို့်လာခေါ်တာမို့လား "

" ဟုတ်တယ် ..... ငါဗိုက်ဆာနေပြီ .... ဒီနေ့တော့ထမင်းမဟုတ်ပဲ တစ်ခုခုလေးစားကြရအောင် ..... ထမင်းမစားချင်ဘူး "

" ဟုတ်ပါပြီ .....ကျွန်တော့အမျိုးသားလေး သဘောအတိုင်းပါပဲ "

ပြောပြီးတာနဲ့ အနားကိုလျှောက်လာရင်း မောင့်ပါးကိုဖျက်ကနဲနမ်းလိုက်ပါတယ် ။

" ဟား! !!!! အမောကိုပြေသွားတာပဲ .... ကိုကိုကလေ တကယ့်ကိုရွှေရင်အေးလေးသိလား "

" ကဲ .... ကိုယ့်လူကိုယ်မြှောက်မနေနဲ့ .... သွားမယ် "

ပြောပြီးတာနဲ့ အရှေ့ကနေလှည့်ထွက်သွားတဲ့ ကိုကို့ ကိုကြည့်ရင်း ရဲရင့်ပြုံးလိုက်မိပါတယ် ။ အခြားသူတွေနဲ့ဆို လူကြီးဆန်ပြီးစိတ်ရှည်သလောက် ကိုယ့်အပေါ်ကို နည်းနည်းမှကို စိတ်မရှည်တက်တာကတော့ ဟိုးအရင်ကအတိုင်းမပြောင်းလဲ။ ကိုယ်က သူ့ကိုအလိုလိုက်မှန်းသိနေတော့ အခြားသူတွေနဲ့ ဆိုးလို့မရသမျှ ကိုယ်အပေါ်ကို အသားကုန်ဆိုးတာ မသိရင်ကလေးလေးအတိုင်း ။ ဒါကလည်း သူနဲ့ကိုယ်နှစ်ယောက်ထဲကျမှ မြင်ရတဲ့ပုံစံလေး ။ တကယ်တော့ ရဲရင့် နဲ့ ကိုကို အိမ်မှာ ညစာမစားတာကြာလှပြီ ။ အရင်က မနက်စာကိုအလုပ်ထဲမှာ
ကြုံသလိုစားကြပေမယ့် ညနေစာကိုတော့အိမ်မှာပြန်စားဖြစ်ကြတာ ။ ဒါပေမယ့်လည်း ထမင်းဝိုင်းထိုင်
လိုက်တာနဲ့ ရဲရင့် နဲ့ ဒေါ်နှင်းဆီက ဘာမှန်းမသိတဲ့
အကြောင်းတွေနဲ့ ပြဿနာအမြဲတက်ရတော ဖေဖေ နဲ့ ကိုကိုမှာ ကြားထဲကနေ အနေခက်ရတာမို့ ခုနောက်ပိုင်း ညနေစာကို အပြင်မှာစားပြီးမှပဲအိမ်ပြန်လိုက်တော့တယ် ။ နှစ်ယောက်စလုံးက အလုပ်ဆင်းတာက အမြဲနောက်ကျသလို အပြန်ကျတော့လည်း ဆိုင်းတစ်ဆိုင်ဆိုင်မှာ ညနေစာစားတာနဲ့ဆိုတော့ အိမ်ပြန်ရောက်ချိန်က အနည်းဆုံးညရှစ်နာရီ ။ ပြန်ရောက်တာနဲ့ ကိုယ်အခန်းထဲတန်းဝင်လိုက်ကြတော့
ဘယ်သူနဲ့မှလည်း ပြဿနာဖြစ်စရာမလိုတော့ဘူးလေ ။ ဒီညလည်း ခါတိုင်းလိုပဲ ပြန်လာပြီး ကားပေါ်ကအဆင်း အိမ်ထဲဝင်ဖို့ပြင်နေချိန် ------

တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed) Where stories live. Discover now