💕 တွယ်ငြိခဲ့လေသော 💕 Part - 19

24.3K 2.4K 123
                                    

Part - 19

💞 တွယ်ငြိခဲ့လေသော 💞

💞 💞 💞

တကယ်တော့ ရဲရင့်ကို ဂျပန်ပို့တဲ့အချိန်တုန်းက မောင့်မှာ ဖိအားတွေအများကြီးနဲ့ကြုံနေခဲ့ရတာပါ ။
မေမေ မောင့်ကိုလာတွေ့ပြီး ရဲရင့်အကြောင်း လာပြောပြီးတဲ့နောင်တစ်နေ့မှာ ကွန်ဒို မှာဘယ်သူမှမရှိတဲ့အချိန်ရောက်လာပြီးမှ ကြီးမြကို တံခါး
Passwort လှမ်းမေးကာ အိမ်ထဲအထိဝင်စစ်တော့တာ ။ ကြီးမြက မောင့်ကိုလှမ်းပြောလို့ ကွန်ဒို ကို
အမြန်ပြန်လာပေမယ့် အိပ်ခန်းထဲမက စားပွဲမှာတင်ထားတဲ့ မောင်နဲ့ရဲရင့်ရဲ့ဓာတ်ပုံကိုမြင်ပြီးသွားနှင့်ပြီ ။ မောင့် ခါးကို အနောက်ကနေသိုင်းဖက်ထားရင်း
မောင့်ပါးကိုနမ်းနေတဲ့ပုံဟာ မောင် နဲ့ ရဲရင့် ရဲ့ ပတ်သက်မှုကို ထင်သာမြင်သာရှိစေနေတာမို့ မေမေက သူ့ကိုယ့်သူသတ်သေပါမယ်ဆိုပြီး ဓားကိုင်သောင်းကျန်းလို့ ရဲရင့်စာမေးပွဲပြိီးတာနဲ့ အဆက်အသွယ်ဖျက်ပါမယ်ဆိုတဲ့ကတိကိုပေးခဲ့ရပါတယ် ။
ဒေါသတွေနဲ့မေမေက ပြန်ခါနီးစကားတစ်ခွန်းကို
သေသေချာချာပြောသွားခဲ့တာက ------

" နင် အဲအကောင်နဲ့ဆက်ပြီးပတ်သက်နေရင် ..... သူဟာသူ ဘာကြောင့်သေလို့သေသွားမှန်းမသိအောင်ငါလုပ်ပြမယ် " တဲ့ ။ မောင် မေမေအကြောင်းကောင်းကောင်းသိတာပေါ့ ။ သူလုပ်ချင်တာဆိုရင် ဘယ်သူ့မျက်နှာမှအထောက်ပဲ လုပ်တက်တဲ့သူ ။ ရဲရင့်ကို ဒီမှာဆက်ထားရင် မောင့် အတွက်စိုးရိမ်စိတ်နဲ့တစ်ခုမဟုတ်တစ်ခုလုပ်မှာအသေအချာပဲ ။

ပိုဆိုးတာက မေမေဟာနှောင်းရိပ်နဲ့ ဘယ်လိုအဆက်အသွယ်ရတယ်မသိပဲ နှောင်းရိပ်ကိုအိမ်မှာအဝင်အထွက်လုပ်စေတာပါ ။ ရဲရင့် ကားတိုက်ခံရဖို့ဖြစ်လာတဲ့အချိန်မှာတော့ မောင် ရဲရင့်ကို အဝေးပို့ဖို့
ဆုံးဖြတ်ချက်ချလိုက်ပါတယ် ။ အနည်းဆုံးသုံးနှစ်လောက် မိဘတွေနဲ့ အဆက်အသွယ်ဖျက်ထားရင်
ရဲရင့်လည်း ပညာရေးအတွက်အဆင်ပြေ ။ ပြန်လာရင် လုပ်ငန်းခွင်ဝင်ခိုင်းပြီး အဲအချိန်ကျရင် မောင်လည်း မိဘတွေကိုရင်ဆိုင်ဖို့ အခြေအနေတစ်ခု ပြင်ဆင်ပြီးလောက်ရောပေါ့ ။

ကိုယ်အတွေးနဲ့ကိုယ် ရဲရင့်ကိုနိုင်ငံခြားပို့လိုက်ပြီး
ခြောက်လလောက်အကြာမှာတော့ ရဲရင့် ရဲ့ Fb Acc ကနေ နိုင်ငံခြားသားတစ်ယောက်နဲ့ အနမ်းပေးနေတဲ့ပုံကို* ငါအဆင်ပြေနေပါပြီ .... သူကငါ့ကို
ပျော်ရွှင်စေတယ်လေ * ဆိုတဲ့ စာနဲ့အတူတင်ခဲ့ပါတယ် ။ မှတ်မှတ်ရရ အဲတစ်နေ့ထဲမှာပဲ မောင့်ဆီကို
ရဲရင့်က စာတစ်စောင်ပို့ခဲ့ပါတယ် ။

တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed) Where stories live. Discover now