Extra - 5
💞 တွယ်ငြိခဲ့လေသော 💞
💞 💞 💞 💞
" ကိုကို..... စိတ်ပြေလက်ပျောက် ခရီးတစ်ခေါက်
လောက်ထွက်ကြရအောင် "ကုမ္မဏီရုံးခန်းထဲမှာ စာရင်းတွေလုပ်နေရင်း ရဲရင့်
ပြောလိုက်တဲ့စကားကြောင့် မောင် , မော့ကြည့်လိုက်ကာ -----" ရဲရင့် က ဘယ်ကိုသွားချင်လို့လဲ "
" ရှမ်းပြည် "
" ရှမ်းပြည်ကို "
" အင်းလေ..... ကိုကို့ကို ပထမဆုံးခေါ်သွားတဲ့
အချိန်တုန်းက ကတိပေးခဲ့တယ်မို့လား ..... အ
လုပ်တွေမပါဘဲနဲ့ နောက်တစ်ခေါက်လိုက်ပို့
မယ်လို့လေ ..... အခုရုံးပိတ်ရက်ရှည်ရရင် သွားကြရအောင် "" ကိုယ်လည်း သွားချင်တယ် သား နဲ့ သမီး "
" သား နဲ့ သမီး ကို ဖေဖေနဲ့အပ်ထားခဲ့မယ် ကိုကို
ရယ် ..... ဒီတစ်ခေါက်တော့ နှစ်ယောက်ထဲသွားပါရစေ .... ကလေးတွေခေါ်ရင် ကလေးထိန်းတွေပါ
ခေါ်ရမှာလေ..... မိသားစုလိုက်သွားချင်ရင်
နောက်တစ်ခေါက်ပိတ်ရက်ရှည်ကျမှ ခရီထပ်
ထွက်ကျတာပေါ့ ..... အခုတော့ နှစ်ယောက်ထဲသွားကျရအောင် နော်ကိုကို..... နော်လို့ "ရဲရင့် က ကလေးလိုပူဆာနေတဲ့ပုံကြောင့် မောင်,
ရီလိုက်မိပါတော့တယ် ။ ကိုယ်လည်း သူနဲ့အတူတူ
ခရီးတွေထွက်ချင်နေတာပါ ။ ဟိုးအရင်က လွမ်း
မောဖွယ်အချိန်တွေကို နှစ်ယောက်အတူတူပြန်ရှာ
ဖွေချင်မိတာမျိုး ။ အလုပ်တွေနဲ့ဝေးရာကို ခဏလေး
ထွက်သွားပြီး စိတ်အေးလက်အေး သူနဲ့ကိုယ်
နှစ်ယောက်ထဲ အချိန်ကုန်ချင်တာမျိုး ။
ဘယ်လောက်တောင် ကြည်နူးစရာကောင်းလိုက်
မလဲ ။" ကိုကို .... ဘာတွေတွေးနေတာလဲ ..... ဘာမှ
မတွေးနဲ့ ..... အတူတူခရီးသွားကြရအောင်ပါ ....
နော်! !!! နော် နော် နော် နော် နော် လို့ "ရဲရင့် က မျက်နှာရှေ့လာပြီး ပြောင်တိပြောင်းစပ်
မျက်နှာဘေးနဲ့ ပြောလာတာမို့ မောင်, ထရီလိုက်မိ
ရင်း ------" အင်းပါ.....အင်းပါ..... ရဲရင့်သဘောပဲ "
" တကယ်နော်ကိုကို..... ပြီးမှစိတ်မပြောင်းနဲ့ "
YOU ARE READING
တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed)