💕 တွယ်ငြိခဲ့လေသော 💕 Part - 3

25K 2.7K 47
                                    

Part - 3

💞 တွယ်ငြိခဲ့လေသော 💞

💞 💞 💞

မေမေ အခန်းအပြင်ကိုထွက်သွားပြီဆိုတာနဲ့
မြတ်သောမောင်တစ်ယောက် ရေချိုးခန်းထဲဝင်
လိုက်ရင်း ရေချိုးတာကို ခါတိုင်းထက် အချိန်ဆွဲ
လိုက်ပါတယ် ။ ရေချိုး ၊ အားလုံးပြင်ဆင်ပြီးတာနဲ့ နာရီကိုကြည့်လိုက်တော့ ကိုးနာရီရှိနေပြီ ။ ဒီအ
ချိန်ဆိုရင်တော့ ထမင်းစားခန်းထဲ လူရှင်းနေ
လောက်ရောပေါ့ ။ ဘာပဲဖြစ်ဖြစ် ညကဖြစ်ခဲ့တဲ့ကိစ္စအတွက် အန်ကယ့်ကိုလည်း မျက်နှာချင်းမဆိုင်
ချင်သေးဘူး ။ သားတစ်ယောက်လုံး အိမ်ပေါ်က
ဆင်းသွားတာကို စိတ်မကောင်းဖြစ်နေမှာပဲလေ။

ရဲရင့်ပြောသလိုသာဆို အန်ကယ်ရော မေမေပါ လူမှုရေးပြဿနာတွေရှိခဲ့တာ သေချာနေပြီမို့ မျက်နှာ
ချင်းမဆိုင်ချင်တော့တာလည်းပါတယ် ။ အန်ကယ့်ကို အဖေတစ်ယောက်လိုမဟုတ်တောင် လူကြီး
တစ်ယောက်အနေနဲ့ရော အုပ်ထိန်းသူတစ်
ယောက်အနေနဲ့ပါ အများကြီးလေးစားခဲ့ရတာ ။
မေမေနဲ့တွဲနေတဲ့အချိန်ကလည်း အိမ်ထောင်ရှိ
တယ်ဆိုတာကိုလုံးဝမသိခဲ့ ။ ကိုယ်တိုင်က ပတ်ဝန်းကျင်နဲ့ အရမ်းကြီးအကျွမ်းတဝင် မနေဘူးတာရယ် ၊ အပေါင်းအသင်းသူငယ်ချင်းမရှိသလောက်ကိုရှားတာရယ်ကြောင့် မေမေတို့ဇာတ်လမ်းကို တကယ်
်မသိခဲ့တာပါ ။

ငယ်ငယ်ထဲက အဖေဆိုတာကိုမသိခဲ့ရတဲ့ကိုယ့်အတွက် မေမေကသာ တစ်ဥိီးတည်းသော တွယ်
တာစရာ ။ ပွဲစားအလုပ်နဲ့ သားတစ်ယောက်ကို ခက်ခက်ခဲခဲ လူလားမြောက်အောင်မွေးခဲ့တဲ့မေမေက နောက်အိမ်ထောင်ပြုတော့မယ်လို့ ပြောခဲ့တဲ့
အချိန်မှာ စိတ်ချမ်းသာသလိုသာလုပ်ပါလို့ ခွင့်ပြု
ပေးခဲ့ပါတယ်။ မေမေ နဲ့တွဲသွားတွဲလာတွေ လုပ်နေတဲ့အချိန် ကိုယ့်အပေါ်ကို လိုအပ်ချက်မရှိအောင်
ဖြည့်စည်းပေးတဲ့အန်ကယ်က သားအရင်းဖြစ်တဲ့
ရဲရင့်ကိုကျတော့ ပစ်ထားခဲ့တာတဲ့လား ။ အခု
ချိန်ကျမှ သိခဲ့ရတဲ့ပြဿနာတွေအတွက် တကယ်
အရှက်ရမိပါတယ် ။

အမေတစ်ယောက်လုံးဆုံးရှုံးခဲ့ရတဲ့ ရဲရင့် ရဲ့စိတ်ခံ
စားချက်ကို ဘာလို့ထည့်မတွက်ကြတာလဲ ။ ရဲရင့်
နေရာမှာ ကိုယ်သာဆို ခုလောက်ထိရပ်တည်နေနိုင်
မှာတောင်မဟုတ်ဘူး ။ တကယ်ကိုခက်ခဲတဲ့အခြေအနေမှာတောင် အများကြီးပျက်စီးမသွားအောင် သူ့ကိုယ်သူထိန်းနိုင်တာ တကယ်ကိုတော်လွန်းလို့
ပါ ။ ကိုယ်တောင်းပန်ပါတယ် ရဲရင့်ရယ် ။
မိဘတွေကိုယ်စား ကိုယ်ကပဲ တောင်းပန်ပါ့မယ် ။

တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed) Where stories live. Discover now