Part - 23
💞 တွယ်ငြိခဲ့လေသော 💞
💞 💞 💞
ဒေါ်နှင်းဆီကတော့ သားရဲ့သတင်းတွေတွေ့ပြီးထဲက ငိုလည်းငို ၊ ဖုန်းကိုလည်း အဆက်မပျက်ခေါ်နေပေမယ့် စက်ပိတ်ထားတာမို့ ဒေါသတွေပိုထွက်လာပါတော့တယ် ။ သေချာတာက ရဲရင့်သွေးဆိုတဲ့အကောင်က သားကိုအနိုင်ကျင့်ပြီးခေါ်သွားတာနေမယ်။ မင်္ဂလာဆွမ်းကျွေးဖို့ရက်ပိုင်းပဲလိုတဲ့သူကို ခရီးသွားခိုင်းနေထဲက ဒင်းမရိုးသားတာ ။ သားက နဂိုထဲက အနေအေးပြီး လူတိုင်အပေါ်ယုံတက်တဲ့သူဆိုတော့သူလှည့်ပတ်သမျှကို တကယ်ထင်သွားတာနေမယ် ။
ကိုယ့်သားအတွက်အိမ်ထောင်ဖက်ကို တကယ်ကိုပြည့်စုံတဲ့အသိုင်းအဝိုင်းထဲကမိန်းကလေးမျိုးဖြစ်ဖို့
မှန်းထားပေမယ့် နောက်ပိုင်း ပြန်တွေးမိတာက
ကိုယ်တိုင်ကလည်း ဒင်းအဖေနဲ့ပတ်သက်တဲ့အချိန်တုန်းက သူ့အမေရှိနေသေးတဲ့အချိန် ။ အိမ်ထောင်ရေးဖောက်ပြန်တဲ့သူတွေလို့ သူတို့အသိုင်းအဝိုင်က သိတဲ့သူတွေကသိနေကြလို့ အတင်အဖျင်းတွေပြောကျပေမယ့် ဘယ်သူတွေဘာပြောပြော ကိုယ်ချမ်းချမ်းသာသာနေရပြီး ကိုယ့်သားလေးပါပြည့်ပြည့်စုံစုံနေရဖို့အတွက် ဘယ်သူ့ကိုမှဂရုမစိုက်ပဲ ရအောင်ယူခဲ့တာ ။ သူ့အမေကိုတောင် မြန်မြန်သေပါစေဆုတောင်းမိတဲ့အထိ ။ တကယ်လည်း သူ့အမေသေပြီးရက်လည်တာနဲ့ ဦးမြတ်မင်းရဲ့နောက်အိမ်ထောင်အဖြစ် အိမ်ပေါ်တက်နေလိုက်ပါတယ် ။အစကတော့ ဒင်းက ငယ်သေးတော့ သူ့အဖေအိမ်မှာမရှိရင် ဖိနှိပ်ထားလို့ရမယ်ထင်ခဲ့ပေမယ့် ဒီအကြောပြင်းကောင်က ဖိလေကြွလေ လူစားမျိုး ။ ပိုဆိုးတာက သူ့အမေဘက်ကအဖိုးအဖွားတွေက တအားကိုချမ်းသာပြီး သူ့မြေးကို ဘုရင်တပါးလိုထားကြတာ ။ အဘိုးအဘွားတွေမရှိတော့တဲ့အချိန်ကျမှ ဒင်းအကြောင်းတွေထဲက ဟုတ်တာရော ၊ မဟုတ်တာတွေရော ခင်ပွန်းသည်ဆီသတင်းပို့ ။ သားအဖတွေကြား ရန်ပွဲတွေဖန်တီးပေးပြီ နောက်ဆုံး သူ့အဖေနဲ့သူ့သားကို ရအောင်သွေးခွဲပြီး အိမ်ပေါ်ကနှင်ချနိုင်လို့ စိတ်ချမ်းသာနေခဲ့ရတာ ။
ဒင်းအရှိရင် ဦးမြတ်မင်း ပိုင်ဆိုင်သမျှ ကိုယ်သားလေးဆီရောက်လာအောင် ကြိုးစားပေးလို့ရတယ်လေ ။
YOU ARE READING
တွယ်ငြိခဲ့လေသော # တွယ်ငြိခဲ့လေသော( Completed)