" မောင် .... အခု အလုပ်ရှုပ်နေလား ? "
တိုင်ပင်စရာရှိသောကြောင့် ဖုန်းနှင့် မောင့်ကို သူမ ခေါ်ပြီး ကော်ဖီဆိုင်ထဲတွင် ၀င်စောင့်နေလိုက်ပါသည်။
သို့သော် ရောက်လာသော မောင့် ပုံစံမှာ လွန်စွာအလျင်လိုနေ၏။
" ဟုတ်တယ် Jen ။ အခု မောင် အလုပ်နည်းနည်း ရှုပ်နေတယ်။ ဒါပေမယ့် Jen ပြောပါ။ မောင် Jen အတွက် အချိန်ပေးနိုင်ရမှာပေါ့ "
မောင့် စကားလုံးလေးတွေအတွက် သူမ ကျေနပ်စွာ ပြုံးလိုက်ရပါ၏ ။ မောင်သည် သူမအပေါ်တွင် ဘယ်သော အခါမှ အနိုင်မယူတက်ချေ။ ထို့အပြင် သူမ တစ်ခုခု မကျေမနပ် ဖြစ်တိုင်းလည်း သူမကို အပြုံးဖျော့ဖျော့နှင့်သာ တောင်းပန်တက်ပါ၏။
" Jen အလုပ်တစ်ခု သွားလျှောက်ထားတာလေ "
" အင်း မောင့်ကို Jen ပြောဖူးတယ်လေ "
သူမ ဘာပဲလုပ်လုပ် မောင့်ကို တိုင်ပင်တက်ပါ၏
"ဟုတ်တယ် ။ အခု အဲ့ဒိအလုပ်က Interview ဖို့ Jen ကို လှမ်းပြီး ဆက်သွယ်တယ် မောင် "
"ဒါဆိုကောင်းတာပေါ့ Jen Interview အတွက် ပြင်ဆင်ပြီးပြီလား ? "
" ပြင်ဆင်ပြီးသွားပြီ မောင် "
" Interview အတွက် ဘယ်ကိုသွားရမှာလဲ "
" ပထမ တစ်ခါ Application Form သွားတင်တဲ့ Company ကိုပဲ သွားရမှာ "
မောင်က ခေါင်း တညိတ်ညိတ်နှင့် နားထောင်ရှာ၏
" ဘယ်တော့သွားရမှာလည်း Jen "
"မနက်ဖြန် "
"မောင် လိုက်ပို့ပေးမယ်လေ "
" ရတယ် မောင် Jen ဘာသာ သွားလိုက်မယ်။ ဒါပေမယ့် မောင် လာကြိုပေးမလား "
" လာကြိုပေးရမှာပေါ့"
" မောင် အလုပ် အားပါ့ မလား ? "
" မောင် အလုပ်မအားရင်လည်း ရအောင် လာကြိုပါ့မယ် Jen ရယ် "
မောင့်စကားလုံး နူးနူးညံ့ညံ့လေးတွေက သူမကို အမြဲတစေလို ရစ်ပတ်နှောင်တွယ်စေပါ၏။

YOU ARE READING
First Kiss
Roman d'amourFirst Kiss 😘 အနမ်းတစ်ခုကို မထင်မှတ်ပဲ ပေးလိုက်မိပြီး ထိုစိတ်က သူမကို အချိန်တိုင်း တပ်လှန့်နေ၏ ။ ဘယ်သူ့ကိုမှ မနမ်းဖူးသော သူမ အနမ်းက တစ်ခါမှပင်မတွေ့ဖူးသောသူ့ကို နမ်းလိုက်မိသော်လည်း သူမ၏မောင်က သူမကို စိတ်မဆိုးချေ။ မသိသည့် သူနစ်ယောက်ကို နမ်းလိုက်မိသ...