Bonus ❤

5.3K 309 20
                                        

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

"Yahhhh Lalisa... ဘာလာလုပ်ပြန်လည်း ငါ့ရုံးခန်းကို....."

Lisa တစ်ယောက် ဝင်လာတာနဲ့ Chae အော်ထည့်လိုက်ခြင်းပါ....။ ဒီ နလပိန်းတုံး က Jen နဲ့ပတ်သက်ရင် ဘယ်လို ပြောပြောမရ ။ (ပြောရက်လိုက်တာ ရှဥ့်ပေါက်ရယ်)

" နင်ကလဲနော် ငါ့မြင်ရင် အော်မယ်ဆိုတာကြီးပဲ ။ .. ငါ က ထိုင်းမှာ နင်တို့ စုံတွဲ အပန်းဖြေချင်မလား ဆိုပြီး လာမေးတာကို .....နေတော့ ဟာ။ ဒီလို အော်နေတာ ပြန်မယ်"

ထိုင်းမှာ အပန်းဖြေမလားလို့ ဆိုတဲ့ အသံကြားတော့မှ ရုပ်ကော အသံကောပြောင်းသွားကာ အခန်းပေါက်မှ သူအော်လွှတ်ထားတဲ့ BFF ကြီးကို ထ ဆွဲပါလေရော။

"ဘယ်လို ...ဘယ်လို.... အဟဲ... နေပါဦး ချစ်ဆုံးကြီးရဲ့ .... င့ါရဲ့ အလစ်လေးကလဲ .... လာပါ ထိုင်ပါဦး အဟဲ ...."

လူကိုအတင်းပြန်ဆွဲခေါ်ပြီး ထိုင်ခိုင်းပါ၏ ။

" ဟွန်း မျက်နှာကိုက ခုနက တစ်မျိုး ၊ ခုတစ်မျိုး တက်လည်းတက်နိုင်တယ် ... ဖောင်းစပရိန်မ "

ထိုင်းအပန်းဖြေဆိုလို့ စိတ်၀င်စားနေလို့သာ သည်းခံပြီး ရယ်ပြနေပုံရတဲ့ Chae ပုံစံကြောင့် Jen မှာ ကျိတ်ရယ်နေရသည် ။ ဘယ်လောက်ရင်းနှီးရင်းနှီး ကိုယ့်CEOဆိုတော့ကာ ပေါ်တင်ရယ်လို့ကလဲ မဖြစ် ။

" ငါ ထိုင်းကို သွားစရာရှိလို့ ... နင်တို့ လိုက်ပြီး အပန်းဖြေမလား လို့ လာမေးတာ .... "

ဟင်...Li က ထိုင်းကို သွားမှာ... Jen လည်း ဘာမှ မသိရဘူး ။ ဘယ်လောက်တောင် ကြာမှာလဲမသိဘူး ။ လွမ်းနေရဦးတော့မှာလား ။ Jen မျက်နှာလေး ညှိုးကျသွားရပါတော့သည် ။

Li က Jen မျက်နှာညှိုးသွားတာ မြင်တော့ Jen နေရာစားပွဲဆီ ထလာပြီး လက်လေးကို ဆွဲကာ သူ ခုနက ထိုင်နေသည့် နေရာ​ဘေး တွင် လာထိုင်စေ၏ ။

" Spon မယ် ဆိုပါတော့ "

" အေးပေ့ါဟယ် ... င့ါမွေးရပ်မြေဆိုမှတော့... စပွန်ရတော့မှာပေ့ါ ... စေတနာပျက်အောင် မမေးနဲ့နော်... စိတ်ပြောင်းပလိုက်ရမလား..."

" အမလေးဟယ် စျေးကိုင်လိုက်တာ...အကြောင်းအရင်းမရှိပဲ နင်လား ........အဟက် .... သိနေတယ်... ပြောလိုက်တော့ လိုချင်တာ ဘာလဲ ဆိုတာ ....ငလစ်မ "

First KissWhere stories live. Discover now