-5-

2.5K 240 2
                                    




~~~~

" ဘာ ကော်ဖီသောက်မလဲ ?"

"cappuccino .........."

ကော်ဖီဆိုင်တွင် ထိုင်လိုက်ပြီးသည် နှင့် သူမအတွက် ကော်ဖီကို သူကိုယ်တိုင် မှာပေးပါ၏။

" တို့ကို နောက်တစ်ခါ ကော်ဖီသောက်ဖို့ မဖိတ်ခေါ်ပါနဲ့တော့လား Lisa "

"ကော်ဖီသောက်တာလေး တစ်ခုအတွက်နဲ့တော့ Ni ကို မဖိတ်ပါဘူး ။ ကိုယ်က Ni နဲ့ မျက်နှာချင်းဆိုင် ထိုင်နေချင်လို့ပါ ၊ တစ်ကယ်တော့ ကိုယ်လည်း ကော်ဖီကြိုက်တက်တဲ့သူ မဟုတ်ပါဘူး "

ရဲတင်းလှသည့် သူစကားကြောင့် သူမ ခါးလေးတောင်မတ်သွားရတယ် ။

" ဘာကို ရည်ရွယ်ပြီး ပြောနေတာလည်း Lisa Shi "

" တချို့ မိန်းကလေး ‌တွေမေးသလို မေးပါလား ။ ဥပမာ - ဘာဖြစ်လို့ တို့ကို ကူညီတာလဲ ။ ဘာဖြစ်လို့ ကော်ဖီသောက်ဖိတ်တာလည်း တို့ စသည်ပေါ့ "

ထိုစဥ် သိသာစွာ သူမ ရင်ခုန်သံများ မြန်ဆန်လာပြန်တယ်။ မိန်းကလေး အချင်းချင်း ပထမဆုံးအကြိမ် ရင် ခနခန ခုန်တာ သူနဲ့မှဆိုတော့.... သူ့ကို ငေးမကြည့်နိုင်တော့ဘဲ မျက်လွှာချလိုက်ရတယ်....

" မိန်းကလေးချင်း ခင်ချင်တာ ခေါင်းစဥ်လိုလို့လား Ni ..... ဘာလည်း ဟိုတနေ့က ကြောင့် ........"

" ဟင့် အင်း.... တို့မမေးချင်ဘူး..."

Jen မြန်မြန်လေး ဖြေလိုက်ရတယ် ။ သူက ဟိုနေ့ကအကြောင်းကို အစပြန်ဖော်နေတော့ Jen ထပ်ရှက်ရပြန်တာမို့ မျက်နှာတွေတောင် ရဲလှပေါ့ ။

အဲ့တော့ သူက ပြုံးပြီး

" အင်း ... ဒါဆိုလည်း မမေးနဲ့ Li က တော့ နောက်လည်း ဒီလိုပဲ တွေ့တိုင်း ကော်ဖီသောက် ဖိတ်နေဦးမှာပဲမို့"

Jen သူ့ကို ဘာစကားမှ ပြန်မပြောမိ ။ ရှေ့က ကော်ဖီခွက်လေးကိုသာ အကြောင်းမဲ့ ထိုင်ကြည့်နေမိတော့တယ်။

Jen သူ့ကို ဘာစကားမှ ပြန်မပြောမိ ။ ရှေ့က ကော်ဖီခွက်လေးကိုသာ အကြောင်းမဲ့ ထိုင်ကြည့်နေမိတော့တယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
First KissWhere stories live. Discover now