တင်းတောင်..... တင်းတောင်
ဂျလောက်....
ဘုန်း....
" yahhh Jisoo ရ ဘယ်လိုဖြစ်လာတာတုန်း "
" အေ့... jendukei ရ.........အဟင့်.."
လူမှန်းမသိအောင် မူးပြီး ငိုလည်း ငိုနေရင်းနှင့် လဲကျလာတော့ Jisoo အား Jen အမြန်လှမ်းဖမ်း လိုက်ရသည်။ ပုံမှန်ဆို Password ရိုက်ပြီး ကိုယ်ဟာကို၀င်လာနေကြဟာ ခုတော့ PW တောင် မရိုက်နိုင်လိုက်အောင် အတော်ပင် မူးနေပေပြီ ။ ဒီကနေ့ည Jen သိသလောက် Ji တို့ အလယ်တန်းကျောင်းက
ကျောင်းသားဟောင်းများ တွေ့ဆုံပွဲရှိပေသည် ။ ဒီပွဲမှာ သောက်လာတာ တော့ထားတော့ ။
သူငယ်ချင်းဟောင်းတွေ တွေ့ဆုံကြရတဲ့ဟာ ပျော်လာရမှာ ငိုပြီးပြန်လာသော အနှီသူငယ်ချင်းမလေးဟာ မည်သို့ဖြစ်လာရသည်မသိ။မျက်ရည်တွေနဲ့မို့ လူလဲ လန့်ဖြန့်ကာ စိတ်ပူပြီး ထူပူသွားရသည်မှာ အမှန်ပင် ။ သူ့ကို တွဲခေါ်လာပြီး သူ့အခန်းတွင်း ကုတင်ပေါ်သို့ တင်ပေးကာ အ၀တ်လဲပေးရန် ပြင်ရတော့သည်။ စိတ်ပူနေတာ မှန်ပေမယ့်
လူမှန်းမသိလောက်အောင် မူးနေပြီး ငိုပဲ ငိုနေတဲ့ သူမကို ဒီည မေးလည်း အဖြေရမည်မဟုတ် ။ မနက်မှ ရုံးမသွားခင် မနက်စာ စားရင် သေချာမေးရပေဦီးမည် ။အမြဲပြုံးပြုံးလေးသာ တွေ့ဖူးတဲ့ Jen အဖို့ Ji မျက်ရည်တွေက ထူးဆန်းလွန်းလှသည် ။ Ji ငိုလာရလောက် အောင် မည်သူကများ Ji ကို ပြုစားလိုက်ပါနည်း ။
အ၀တ်လဲပေးပြီး စောင်လေးခြုံပေးလိုက်သည့်အချိန်ထိ Ji တစ်ယောက် ရှိုက်သံက မရပ်သွားသေး ။ Jen ကုတင်စောင်းမှာ ဘေးစောင်းလေးခနကပ်ထိုင်လိုက်ပြီး ပါးပေါ်က မျက်ရည်လေးကို သုတ်ပေးလိုက်ရင်း
" ဖိုက်တင်း ချင်းဂုလေး ..မနက်ကျ အဆင်ပြေသွားမှာပါဟာ Good Night ..."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jen မနက်ကို အစောထကာ မနက်စာပြင်နေမိတယ် ...
" Jendukei အစောကြီးနိုးနေတာလား "
" အယ် Ji နိုးပြီလား... ခေါင်းကိုက်နေပြီမို့လား..... ငါ အမူးပြေဟင်းရည်လေး လုပ်ထားတယ် .. လာထိုင် မနက်စာ တူတူ စားကြမယ် "

YOU ARE READING
First Kiss
Storie d'amoreFirst Kiss 😘 အနမ်းတစ်ခုကို မထင်မှတ်ပဲ ပေးလိုက်မိပြီး ထိုစိတ်က သူမကို အချိန်တိုင်း တပ်လှန့်နေ၏ ။ ဘယ်သူ့ကိုမှ မနမ်းဖူးသော သူမ အနမ်းက တစ်ခါမှပင်မတွေ့ဖူးသောသူ့ကို နမ်းလိုက်မိသော်လည်း သူမ၏မောင်က သူမကို စိတ်မဆိုးချေ။ မသိသည့် သူနစ်ယောက်ကို နမ်းလိုက်မိသ...