-7-

2.1K 236 2
                                    

Start writing your story

သူမ ဘာတွေဖြစ်နေတာလည်း ? ကိုယ့်ကိုကိုယ် စမ်းစစ်ကြည့်မိပါတော့၏ ။

သူ့အရှေ့ ရောက်တိုင်း တရားလွန်ခုန်နေတက်သည့် ရင်ခုန်သံများကိုလည်း Jen မုန်းနေ၏ ။ ထို့အပြင် မဆီမဆိုင် သူ့အကြောင်းများကိုလည်း တွေးတက်ပါသေး၏။ သူမ နှင့်မောင် ရှိနေသည့်အချိန်များပင် လျှင် သူ့ကို တွေးတွေးမိနေ၏ ။

မောင် နှင့် သူမ ချစ်သူရည်းစားဖြစ်နေသော်လည်း မောင့်အကြောင်းသည် ခေါင်းထဲသို့ ခဏခဏ
ရောက်မလာတက် ။ ထို့အပြင် မောင့်ကို တွေ့တိုင်းလည်း သူမ ရင်ခုန်ဖူးချေ ။ ပြောရမည့် စကားများကို လည်း မမေ့တက် ။

မောင်ကလည်း သူမကို အံ့ဩမှုများ ၊ အံ့အားသင့်မှုများကို တစ်ခါမျှ ဖန်တီးမပေးဖူးပြန် ။ ထူးဆန်းသော တွေ့ဆုံမှုမျိုးကိုလည်း ကြုံပင် မကြုံဖူး ။

မောင်နှင့် သူမ ချစ်သူသက်တမ်း ကြာမြင့်နေပြီဖြစ် ၏ ။ မောင်ဘက်မှ တခြားဘယ်မိန်းကလေးတစ်ယောက် ကိုမျှ မျက်လုံးပင် မကစား။ ရင်ခုန်ဖို့‌ဝေးလေစွ ... ။ သို့သော် ....သူမ ကတော့................

သူ့ကိုတွေ့တိုင်း ခုန်လွန်းနေသော ရင်ခုန်သံများကြောင့် ယောင်ရမ်းပြီး လက်ဖဝါးနှင့်ပင် ရင်ဘတ်ကို ဖိထားရနေပါသည် ။

သူမ မောင့်အပေါ်တွင် လွန်စွာ မတရားရာကျနေပါသည်။ ထို့ကြောင့် သူနှင့်တွေ့တိုင်း မောင့်ကိုသာ သူမ အကြိမ်ကြိမ် သနားနေမိပါတော့သည် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" Unnie Jen ..... Lunch Time ရောက်နေပြီနော် ..။ Break လုပ်လိုက်ရတော့မလား ? Nayeon လည်း
ဘိုက်ဆာနေပြီ "

သူမ ၏လက်ထောက်ကောင်မလေး Nayeon ၏စကားကြောင့် သူမ နာရီကို ကြည့်လိုက်တော့ နေ့လည် ၁၂ နာရီပင် ခွဲတော့ပေမည် ။ ထိုချိန်မှပင် သူမ လည်း ဘိုက်ဆာရကောင်းမှန်း သတိထားမိတော့တယ်။

" အင်း ဒါဆိုလည်း ထမင်းသွားစားလိုက်ကြတာပေါ့ "

Jen ပြောပြီး လုပ်လက်စအလုပ်များကို ရပ်လိုက်လေသည် ။ ထို့နောက် ၀န်ထမ်းများထမင်းစားခန်းထဲသို့ Nayeon နဲ့အတူ ၀င်ခဲ့လိုက်ပါသည် ။ ထမင်းစားခန်းထဲတွင် အခြား၀န်ထမ်းများသည် ထမင်းပင် စားလို့ပြီးနေပြီ ။

First KissWhere stories live. Discover now