-10-

2.3K 210 6
                                    

5 years ago....

​Private ကျောင်းတစ်ခုရဲ့ ကျောင်းခေါင်မိုးပေါ်တွင် ရှိနေသည့် ကောင်မလေး (၂) ယောက်

" ငါ နင့်ကို ချစ်တယ် "

ဒီ စကားသံ အဆုံးမှာ အံဩသွားတဲ့ပုံစံနဲ့ နားထောင်နေတဲ့ ကောင်မလေး။ ပြီးတော့ သူမ အံဩမှုမျက်နှာကို ချက်ခြင်းပြင်ကာ

" ငါရဲ့ အချစ်ဆုံးသူငယ်ချင်းကလည်း နင်ပဲလေ "

"ဟင့်အင်း.....ငါ ချစ်တာ အာ့လိုမဟုတ်ဘူး ။ အချစ်ဆုံးသူငယ်ချင်းလည်း မဖြစ်ချင်ဘူး ။ ငါက နင့်ရဲ့ ချစ်သူ ဖြစ်ချင်တာ "

"Bawyar ? ......နင် ငါ့ကို လာမနောက်စမ်းပါနဲ့ဟာ.... ငါတို့က မိန်းကလေးချင်းလေ ။ မဖြစ်နိုင်တာတွေ "

"ဟုတ်တယ် ....ငါတို့က မိန်းကလေးချင်း....။မှန်တယ်လေ။ ဒါမဲ့ မချစ်သင့်ဘူးလို့ ဘယ်သူပြောလည်း။ ပြီးတော့ ငါက မိန်းကလေးချင်း ကြိုက်တက်တဲ့သူလည်းမဟုတ်ဘူး ။ ငါ ချစ်မိတဲ့ သူက နင် ။ နင်က မိန်းကလေးဖြစ်နေလို့ဆိုတာ တစ်ခုပဲရှိတယ် ။ ဘဝမှာ ပထမဆုံးသောအချစ်ပဲ ။ ဒါကိုတော့ နင်ယုံ"

သူပြောတာကို JiJi တစ်ကယ်ကို သိပါသည်။ သူ့ အချစ်တွေလည်းJiJi ခံစားမိပါသည်။ ဒါပေမယ့် JiJi မှာ သူ့လို သတ္တိတွေ ရှိမနေ။ JiJi လည်း သူ့အပေါ် ခံစားချက်ရှိနေတယ်လို့ ထင်မိတယ်။ဒါပေမယ့် ဒါကို
အချစ်ပါလို့ ရဲရဲဝံ့ဝံ့လည်း ခေါင်းစဉ်မတပ်ရဲပြန်။ JiJi တွေဝေပြီး စိတ်တွေလှုပ်ရှားနေမိတာတော့
အမှန်ပင်။ ဒါဟာ ရင်ခုန်သံပါဆိုတာကိုတော့ ကာယကံရှင်တစ်ယောက်ဖြစ်ပြီး JiJi သိမနေခဲ့။

" ငါ့ကို ချစ်တယ်မို့လားဟင်...ဟင် ....ဟင် လို့"

" ငါတို့က အခုမှ ငယ်သေးတဲ့ အရွယ်ပဲ ရှိသေးတာလေ။ ပြီးတော့ ငါ ဒါတွေ စိတ်မဝင်စားဘူး "

JiJi နှလုံးသားကို မသိလိုက်မသိဘာသာ လျစ်လျူရှု့ကာ ဦးနှောက်ကိုပဲ အလုပ်ပေးပြီးဖြေလိုက်မိတယ်။

"အာ့တာငါကို ငြင်းလိုက်တာလား .....စဉ်းစားပေးမယ်ဆိုတာမျိုး ....ငါ့အတွက်မျှော်လင့်ချက်ကလေးတောင် မရှိတော့တာလား "

JiJi ဘာပြန်ဖြေရမည် မသိ။

" ဟို......"

"ငါ မျှော်လင့်ချက်သေးသေးလေးတော့ ရချင်သေးတယ်ဟာ... ငါကိုစဉ်းစားပေးပါ။ ငါနင့်ကို သေလောက်အောင် ချစ်တာဟ.....နော်......နော် "

First KissWhere stories live. Discover now