-11-

2.3K 234 6
                                    

Jen အိမ်ထဲကို အမြန်ပြေးဝင်လာရင်း အိမ်ထဲရောက်တော့ ....

📲We are 🎵the 🎵lovesick girl 🎵

ဖုန်းသံကြားလို့ ကြည့်လိုက်တော့ Ji ဆီက ။

"Hello Ji "

" Jen ... ရေ အိမ်ရောက်နေပြီလား။ Sorry ဟာ ဒီည Bar မသွားနိုင်လောက်ပြန်ဘူး ။ ခု အိမ်မှာအိုမားက နေမကောင်းဖြစ်နေလို့ ။ Appa လည်း ခရီးသွားတယ်ဆိုတာနဲ့ ငါ အိုမားနားနေပေးမလို့ ။ အာ့တာ ဒီည တစ်ယောက်ထဲ ဖြစ်ရဲ့လား ။

"အာ ....ရတယ် Ji yah... အိုမား သက်သာရဲ့လား ။ အိမ်မှာက စိတ်ချ ။အဆင်ပြေပါတယ် ။ သေချာ ပြုစုလိုက်နော် "

"အွန်း Jen သက်သာပါတယ် ။ ဆရာဝန်က ဆေးထိုးပေးခဲ့တယ် ။ အစားမှားသွားတာပြောတယ် ။ မနက်ကျရင်တော့ သက်သာနေလောက်ပါပြီ။ တခါးတေသေချာပိတ်နေနော်။ အာ့ဆိုဖုန်းချလိုက်တော့
မယ် နော် "

"အင်း Ji "

ဒီညတော့ တစ်ယောက်ထဲ အတွေးပေါင်းစုံနဲ့ ညတာတွေ ရှည်တော့မယ် ထင်ပ ။ ပြတင်းပေါက်က​နေ မြင်နေရတဲ့ ကောင်းကင်ကြီးကို ကြည့်ရင်း သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချမိတယ် ။
ဘာလို့ ငါမှလည်းဟာ..........

~~~~~~~~~~~~~~~~~~~~~~~~~~

သူမ ရုံးဆင်းချိန်တွင် မောင့် မေမေ တင်ထားသော ဆေးရုံသို့ ဝင်ခဲ့လိုက်ပါသည် ။မောင့်မေမေသည် မသက်သာချေ။ အသက်ကြီးနေပြီမို့ ခွဲစိတ်မှု ပြုလုပ်ဖို့ကလည်း မဖြစ်နိုင်သည့်အခြေအနေပင် ။

"မောင်......."

သူမ ဆေးရုံရောက်တော့ အားငယ်နေသည့် မောင့် မျက်နှာလေးကို မြင်လိုက်ရသည်။

" Jen ........မောင် Jenကို မျှော်နေတာ ။ အိုမားကလည်း Jen ကို မျှော်နေတယ် "

" အန်တီ နဲ့ အရင် တွေ့လိုက်မယ်နော် မောင် "

သူမ မောင့် မေမေ ကို အရင်ဆုံးဝင်တွေ့လိုက်ပါသည်။ မောင့် မေမေ ကိုယ်တွင် ဆေးပုလင်းများ မြင်မကောင်းအောင် ချိတ်ထားသည်ကို သူမ တွေ့လိုက်ရပါသည်။

" အန်တီ ............သက်သာလား ? "

မောင့်မေမေက ပါးစပ်တွင်လည်း အောက်စီဂျင်တပ်ထားသောကြောင့် သူမကို ခေါင်းညိတ်၍ပင် အဖြေပေးနိုင်​၏။ သူမသည် မောင့် မေမေ စိတ်ပြေလက်ပျောက် ဖြစ်မည်ကိုပြောပြီး မောင်နှင့် စကားပြော
ဖြစ်ပါသေးသည်။

First KissWhere stories live. Discover now