" အား...ကျွတ် ကျွတ်...."Jen တစ်ယောက် မနက်နိုးလာတော့ ညက အရှိန်နဲ့ ခေါင်းတွေကို တူနဲ့ထုထားသလို ထိုး ကိုက်နေပါပြီ။
မနည်းထယူလိုက်ရသည် ။ဒီအပတ်ထဲ အစည်းအဝေးအတွက် ပြင်ဆင်စရာရှိတာတွေလည်းရှိနေတာမို့ ရုံးက ပျက်မရတော့မနည်း ကုန်းရုံးထပြီး ရေချိုးခန်းထဲ ဝင်လာလိုက်ရတယ် ။ ညက ဘယ်လို ပြန်ရောက်လာလည်း စဥ်းစားမရဘူး ။
" Ji ပဲ ခေါ်လာပေးတာနေမှာပါလေ..ငါ ဘယ်လိုတေတောင် သောက်လိုက်မိပါလိမ့်... "
ရေမိုးချိုးအလှပြင်ပြီးတော့ အခန်းထဲကနေ ထွက်လာလိုက်ပြီး တစ်ခုခုစားဖို့ kitchen room ထဲ သို့အဝင်....
" ဟင်.... ငါ မြင်နေရတာ သူလား။... ။ ည ထဲက မြင်နေတာ..ခုထိ မြင်နေရတုန်းလား......"
အခန်းပေါက်ဝတင် အူကြောင်ကြောင်ကြည့်ရင်း မတ်တပ်ကြီးမေ့နေပါသော သူမ ။
" Ni.... Ni... "
အပေါက်ဝတွင် မတ်တပ်ကြီးရပ်ပီး ကြောင်ရပ်နေလို့ Lisa တစ်ယောက် Jen မျက်နာရှေ့ လက်လေးဝှေ့ရမ်းရင်း ခေါ်လိုက်သည် ။
"ဟင်...တစ်ကယ်ကြီးလား "
" Jen.. ဘာရပ်လုပ်နေတာလဲ လာလေ...ဒီမှာ အမူးပြေဟင်းရည်...Lisa ချက်ပေးထားတာ လာ "
Ji အသံကြားမှ သတိဝင်လာပြီး လှမ်းကြည့်လိုက်တော့ ထမင်းစားပွဲမှာ Ji နဲ့ မနေ့က သူ့ကားပေါ်မှာ ပါသွားသည့် ရွှေရောင်ဆံပင်နှင့် မိန်းကလေး ။
Jen ဘာမှမသိပဲ Ji ခေါ်လို့သာ ထမင်းစားပွဲမှာ အူကြောင်ကြောင် နှင့် ဝင်ထိုင်လိုက်ရသည်။Ji နဲ့ ဆံပင်ရွှေရောင်နဲ့ မိန်းကလေးက တူတူတွဲထိုင်နေတော့ Jen.. Lisa ဘေးမှာပဲ ဝင်ထိုင်လိုက်ရတယ် ။
"Chuu. .. ဒါလေး စားကြည့်... "
ရွှေရောင်ဆံပင်ပိုင်ရှင်မလေးက Ji ကို ခွံ့ကျွေးလိုက်တော့ Jen အံသြရပြန်သည်။... ။ Jen ပါးစပ်အဟောင်းသားနဲ့ ကြည့်နေသည်ကို သိနေသည့်အလား ။ Ji က
" Jen.. မိတ်ဆက်ပေးရဦးမယ် ။ ဒါ Ji ပြောပြောပြနေ တဲ့ Ji ရဲ့ တစ်ဦးတည်းသော အချစ်ဦး။ Park Chaeyoung ..Young ဒါက Jennie Kim တဲ့ "
![](https://img.wattpad.com/cover/271233785-288-k25204.jpg)
YOU ARE READING
First Kiss
RomanceFirst Kiss 😘 အနမ်းတစ်ခုကို မထင်မှတ်ပဲ ပေးလိုက်မိပြီး ထိုစိတ်က သူမကို အချိန်တိုင်း တပ်လှန့်နေ၏ ။ ဘယ်သူ့ကိုမှ မနမ်းဖူးသော သူမ အနမ်းက တစ်ခါမှပင်မတွေ့ဖူးသောသူ့ကို နမ်းလိုက်မိသော်လည်း သူမ၏မောင်က သူမကို စိတ်မဆိုးချေ။ မသိသည့် သူနစ်ယောက်ကို နမ်းလိုက်မိသ...