ကော်ဖီဆိုင်လေးအတွင်း Park Bom ၏ You & I သီချင်းသံက အေးငြိမ့်ငြိမ့် ပျံံံ့လွင့်နေ၏ ။ သူက သူမကို ငေးငေးလေး ကြည့်ရင်း သံစဉ်ကိုနားစွင့်နေလေသည် ။ သူမ ရင်ခုန်သံများ ဗရမ်းဗတာ မြန်လို့နေ ပြန်တယ်လေ ။
"ဘာအတွက် ချိန်းလိုက်တာလည်း Lisa ? "
သူ့အကြည့်များကို တွန်းလှန်ချင်သောကြောင့် Jen မေးလိုက်မိပါသည် ။
တစ်ကယ်တော့ သူမ သူခေါ်ရာ ကော်ဖီဆိုင်သို့ မလိုက်ခဲ့သင့်ကြောင်း သိနေပါလျှက် သူမ ထို ကော်ဖီဆိုင်သို့ ရောက်နေရသည့် အဓိက အကြောင်းအရင်းမှာ နှုတ်ကနေ မလိုက်ခဲ့ချင်ဘူးဟု မငြင်းမိလောက်အောင်ကို ခက်ခဲနေသောကြောင့်ပင် ။
" NI ကိုလက်ဆောင်လေး တစ်ခု ပေးချင်လို့ပါ "
" တို့လက်ဆောင် မလိုချင်ဘူး "
" NI အချစ်ကိုရဖို့ လူညံ့တစ်ယောက်လို ပစ္စည်း၀ယ်ပေးပြီး လာဘ်ထိုးတက်တဲ့ ခပ်ညံ့ညံ့လူတွေစာရင်းထဲမှာ LI မပါဘူး Ni ။ ခုပေးမယ့် Ni အတွက်လက်ဆောင်က အဟောင်းကြီးပါ ။ နောက်ပြီး ၀ယ်ထားတာ
လည်း ကြာလှပြီ "သူ ပြောပြောဆိုဆိုနှင့်ပင် အသင့်ယူလာသော လက်စွပ်ဘူးကို Ni ရှေ့က စားပွဲပေါ်သို့ တင်လိုက်သည်။
" လက်ဆောင် သက်သက် မဟုတ်ဘူးနော် ။ သက်သေပြချင်တာလည်း ပါတယ် ။ မနေ့က Ni ပြော
တယ်လေ။ Ni ရဲ့မထင်မှတ်တဲ့ အနမ်းတစ်ခုကြောင့် Ni ကို Li စိတ်၀င်စားမိတယ်ဆိုတာလေ မှတ်မိတယ်မို့လား "" Nae ...မှတ်မိပါတယ် "
"အဲ့ဒါမဟုတ်ဘူးလို့ Li ငြင်းခဲ့တယ်နော် ။ အခု ဒီလက်ဆောင်လေးကို Ni ဖွင့်ကြည့်လိုက်ပါ ။ အနမ်းလေး တစ်ခုကြောင့် ကိုယ် ရင်မခုန်တက်ဘူးဆိုတာ Ni သိသွားလိမ့်မယ် "
သူတင်ပေးလိုက်တဲ့ စားပွဲပေါ်က လက်စွပ်ဘူးလေးကို သူမ လှမ်းယူလိုက်မိပါသည် ။ထို့နောက် သူ့ကို လည်း တစ်ချက်လှမ်းကြည့်လိုက်သော်.........
" ကိုယ့်ရင်ထဲက နက်ရှိုင်းတဲ့ ခံစားချက်တွေက အနမ်းလေး တစ်ခုက စခဲ့တာမဟုတ်ဘူး Ni ရယ် ။ ယုံပါ "
သူ့၀န်ခံချက်ကြောင့် Jen စိတ်မကောင်းဖြစ်ရပြန်သည် ။ သူမ တွေ ဝေ မနေတော့ဘဲ လက်စွပ်ဘူးလေးကို ဖွင့်ကြည့်လိုက်ပါတော့သည် ။
YOU ARE READING
First Kiss
RomanceFirst Kiss 😘 အနမ်းတစ်ခုကို မထင်မှတ်ပဲ ပေးလိုက်မိပြီး ထိုစိတ်က သူမကို အချိန်တိုင်း တပ်လှန့်နေ၏ ။ ဘယ်သူ့ကိုမှ မနမ်းဖူးသော သူမ အနမ်းက တစ်ခါမှပင်မတွေ့ဖူးသောသူ့ကို နမ်းလိုက်မိသော်လည်း သူမ၏မောင်က သူမကို စိတ်မဆိုးချေ။ မသိသည့် သူနစ်ယောက်ကို နမ်းလိုက်မိသ...